ကလေးမြို့တွင် အင်အား ၅.၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
June 14, 2020
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က အင်အား ၅.၀ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၀၅ မိနစ်၊ ၃၁ စက္ကန့်အချိန်က ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၄၆ မိုင်ခန့်ကွာဝေးတဲ့ ကလေးမြို့ရဲ့ အနောက်၊ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၈၈ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။