ရိုးမားအသင်းတွင် နှစ်အနည်းငယ်ကြာ ဆက်ကစားချင်ဟု မီခီတာယန်း ပြော

ရိုးမားအသင်းမှာ ဆက်လက်ကစားသွားချင်တယ်လို့ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ မီခီတာယန်းက ပြောပါတယ်။ တောင်ပံကစာသးမား မီခီတာယန်းဟာ အာဆင်နယ်အသင်းကနေ တစ်နှစ် အငှားစာချုပ်နဲ့ အီတလီမြေမှာ သွားရောက်ကစားနေတာပါ။ ရိုးမားအသင်းအတွက် စုစုပေါင်း ၁၇ ပွဲကစားပြီး ၆ ဂိုးသွင်းယူထားပါတယ်။  ရိုးမားအသင်းမှာ နောက်ထပ် နှစ်အနည်းငယ်အထိ ဆက်ကစားချင်ပေမယ့် ကိုယ်တိုင်ဆုံးဖြတ်ချက်လို့မရကြောင်း၊ အသင်းနည်းပြရဲ့ ဘောလုံးဒဿန နဲ့ ကစားကွက်ကလည်း နှစ်သက်စရာကောင်းတာကြောင့် ဆက်ရှိနေလိုတာလို့ မီခီတာယန်းက ပြောပါတယ်။  ဒါပေမဲ့ ရိုးမားမှာ ဆက်ရှိသည်ဖြစ်စေ၊ အာဆင်နယ်ကို ပြန်သွားရသည် ဖြစ်စေ စောဒကတက်မှာမဟုတ်ကြောင်းနဲ့ ဘယ်အသင်းရောက်ရောက် ပြင်းပြင်းထန်ထန်ကြိုးစားပြီး ရှေ့ဆက်သွားနိုင်ဖို့သာ အဓိကဖြစ်တယ်လို့လည်း မီခီတာယန်းက ပြောပါတယ်။  မီခီတာယန်းဟာ အာဆင်နယ်နဲ့ တစ်နှစ်စာချုပ် ကျန်သေးပြီး ရိုးမားအသင်းနဲ့ အငှားစာချုပ်ထဲမှာတော့ အပြီးသတ်ခေါ် ယူနိုင်မယ့် သဘောတူညီမှု မပါဝင်ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up