လာလီဂါပြိုင်ပွဲအတွက် အသင်းအားလုံး အဆင်သင့်ဖြစ်နေ

စပိန်ကလပ်တွေဟာ လီလာဂါပြိုင်ပွဲ ပြန်လည်စတင်ဖို့အတွက် အဆင်သင့် ဖြစ်နေကြပြီး အသင်းအားလုံးက အခုနှစ်ဘောလုံး ရာသီပြီးဆုံးအောင် ကစားလိုကြပြီး ကြောက်လန့်မှုတွေ ရှိနေရင်တော့ ဘောလုံးပြန်လည်စတင်နိုင်မှာမဟုတ်ဘူးလို့ အက်သလက်တီကိုမက်ဒရစ်အသင်း ဥက္ကဋ္ဌ အင်းနရစ်ဆာရီဇိုက ပြောပါတယ်။  လာလီဂါပွဲစဉ်တွေကို လာမယ့် သောကြာနေ့မှာ ဆီဗီလာနဲ့ ဘက်တစ် ပွဲစဉ်နဲ့ ပြန်လည်စတင်ကစားကြမှာပါ။  ရီးရဲလ်မက်ဒရစ်အသင်းက ဘာနေဗျူးကွင်းကို ပြုပြင်နေတာကြောင့် အိမ်ကွင်းပွဲတွေကို ပရိသတ် ၆,၀၀၀ ဆံ့ ဒီစတီဖန်နိုကွင်းမှာ ပြောင်းရွှေ့ကစားမှာပါ။  အိမ်ကွင်းအပြောင်းအလဲဖြစ်ပေမယ့် အသားကျအောင် လေ့ကျင့်ပြီးသားဖြစ်လို့ ပြဿနာမရှိနိုင်ကြောင်း ဂိုးသမား ကော့တွိုက်က ပြောပါတယ်။  ဘာစီလိုနာနည်းပြ ဆက်တီယန်ကတော့ လက်ကျန် လာလီဂါပွဲစဉ်တွေကို ဆက်တိုက်ကစားရမှာ ဖြစ်ပေမယ့် အဓိကတိုက်စစ်မှူး မက်ဆီကိုတော့ ကွင်းထဲမှာ အမြဲတမ်းရှိနေတာကို နှစ်သက်တယ်လို့ ဆိုသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up