ဟင်္သာတတွင် လေပြင်းကြောင့် နေအိမ် ၁၀ လုံး ပျက်စီး
DVB
·
May 28, 2020
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျွန်းဦးရွာမှာ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀ လုံး ပျက်စီးခဲ့ပါတယ်။
လေပြင်းကြောင့် နေအိမ် ၂ လုံးပြို၊ ၅ လုံးက အမိုးတွေ ပွင့်ထွက်သွားပြီး ၃ လုံးကတော့ သစ်ကိုင်းတွေနဲ့ သစ်ပင်ပိပြီး ပျက်စီးသွားတာပါ။ ပျက်စီးသွားတဲ့ အိမ်တွေကို ရေလယ်သောင်ဘုန်းတော်ကြီးကျောင်း ပရဟိတ လူငယ်အဖွဲ့တို့က ခုတ်ထွင် ရှင်းလင်းနေကြ ပါတယ်။
ရေလယ်သောင်အလယ်စု၊ အောက်စုနဲ့ ငါးဆယ်ကျွန်းတို့မှာလည်း လေပြင်းကြောင့် ပြိုကျပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။
ကိုကြက် (ဟင်္သာတ)