ဥက္ကံမြို့ ပဋိပက္ခ အပျက်အစီး (ဓာတ်ပုံ)
DVB
·
May 1, 2013
ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးနဲ့ အမျိုးသမီးတဦး တိုက်မိလို့ သပိတ်ကွဲရာကနေ ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး ရဲက သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။
ဒီနောက် ညဘက်ပိုင်းမှာ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် ၁ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးက စိုးရိမ်ရကြောင်း၊ ပဋိပက္ခဖြစ်စဉ်မှာ ဆူပူလှုံ့ဆော်သူလို့ ယူဆရသူ ၁၈ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ Read more