Homeမြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
DVB
·
May 14, 2020
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဆင့်သို့ ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ပါတယ်။
အဆိုမုန်တိုင်းငယ်ဟာ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက် ကနဦးမှာ အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၁၇ ရက်လောက်မှာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။