Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့တွင် Mask မတပ်ဘဲ သွားလာသူများကို စတင်အရေးယူတော့မည်
DVB
·
May 11, 2020
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေဖို့နဲ့ ကာကွယ်ထိန်းချုပ်နိုင်ဖို့ နေအိမ်ပြင်ပ ထွက်သူတွေ Mask မတပ်ပါ ငွေ ၅၀၀၀ စတင် ဒဏ်ရိုက် အရေးယူတော့မယ်လို့ သိရပါတယ်။ နေအိမ်ပြင်ပထွက်ရှိသူ မည့်သူမဆို Mask ကို စနစ်တကျတပ်ဆင်ပြီး သွားဖို့ကို မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အသိပညာပေး ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  အသိပညာပေးကာလမှာ Mask မတပ်ဘဲ သွားလာသူတွေကို Mask ၂ ခုကို  ၁ ထောင်နှုန်းနဲ့ ဝယ်ယူစေရမှာဖြစ်ပြီး အသိပညာပေးကာလ ပြီးသွားရင်တော့ Mask မတပ်ဘဲ သွားလာပါက ငွေ ၅ ထောင်နဲ့ Mask ၂ ခု ဝယ်ယူတပ်ဆင်ရမယ်လို့ သိရပါတယ်။  ဒါ့အပြင် Mask တပ်ဆင်မှုမရှိဘဲ မြို့တွင်းကို ဝင်ရောက်လာတဲ့ ကားတွေကို မြို့တွင်း ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Mask တပ်ဆင်ဖို့နဲ့ ပတ်သက်ပြီး ကြေညာချက်တွေထုတ်ပြန်ပေးထားသလို မြို့ပေါ်နဲ့ကျေးလက်ဒေသတွေအထိ အသံချဲ့စက်တွေနဲ့ ကြေညာပေးတာတွေလည်း ဆောင်ရွက်မှုတွေရှိနေပါတယ်။  မန္တလေးတိုင်း အစိုးရအဖွဲ့အနေနဲ့လည်း Mask တွေကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ဖို့ ညွှန်ကြားထားပြီး မလိုက်နာဘူးဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ မေလ ၈ ရက်နေ့က အသိပေးထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024