Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ ရွှေကျင်ဘုန်းကြီးကျောင်းရှိ စစ်ရှောင် ၂၀၀ ကျော် အကူအညီ လိုအပ်နေ‌
DVB
·
May 10, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ရွှေကျင်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးခိုလှုံနေတဲ့ ကော်မြိုင်ကျေးရွာသား ၂၀၀ ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြတယ်လို့ ရွှေကျင်ကျောင်း ဒုတိုက်အုပ်ဆရာတော် ဦးနာယက မိန့်ပါတယ်။ သူတို့ ပြေးလာကြတော့ ဘာမှကို မပါလာကြဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာခဲ့ကြတယ်။ လိုအပ်နေတာတွေကတော့ စားနပ်ရိက္ခာ၊ အဝတ်အထည်က အစပေါ့၊ ဆန်ကတော့ လူကယ်ပြန်က လာပေးတယ်။ နောက် စားသောက်ဖွယ်ရာတွေ လိုအပ်နေတယ်။" အဆိုပါ ကံ့ကော်မြိုင်ကျေးရွာသားတွေဟာ ကျေးရွာအနီး မေယုတောင်တန်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က တပ်မတော်နဲ့ အေအေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလို့ ရွာလုံးကျွတ် ထွက်ပြေးလာကြတာပါ။ ကံ့ကော်မြိုင်ကျေးရွာကနေ ထွက်ပြေးလာတဲ့ ဦးမောင်ညွန့်သာက “ကျနော်တို့က ယနေ့အထိ ရွာကို မပြန်နိုင်သေးဘူး။ ရွာမှာ ကျွဲ၊ နွားတွေ ဒီအတိုင်းကျန်ခဲ့တာ။ အခုဘယ်လို အခြေအနေရှိလဲ မသိဘူး။ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်လို့ ရွာမပြန်ရဲဘူး။” ရွှေကျင်ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံမှာ ကံ့ကော်မြိုင်ကျေးရွာက အိမ်ထောင်စု ၆၀၊ လူဦးရေ  ၂၀၀ ကျော် စစ်ဘေးခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတာပါ။ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ လူဦးရေ စုစုပေါင်း ၁၃၀၀၀ ကျော်ဟာ ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024