အင်းစိန်မြို့က ကွယ်ကဘောဆေးရုံကို lock down ပြုလုပ်ထား (ဓာတ်ပုံ)
DVB
·
May 4, 2020
အင်းစိန်မြို့နယ်က အတည်ပြုလူနာအမှတ် ၁၅၂၊ ၁၅၃နဲ့ ၁၅၄ တို့ ၃ ဦးဟာ အင်းစိန် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ကွယ်ကဘောဆေးရုံမှ သူနာပြုဆရာမတွေ ဖြစ်နေတာကြောင့် အဲဒီဆေးရုံကို တိုင်းကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ မတ်လ ၃ ရက်နေ့ညပိုင်းက စတင်ကာ Lock Down ပြုလုပ်ခဲ့ပါတယ်။
Lock Down ပြုလုပ်ခဲ့တဲ့ ကွယ်ကဘောဆေးရုံဌာနရဲ့ ရောဂါပိုးတွေ့ရှိသူစာရင်းမှာ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ခဝဲခြံ ၂ လမ်းအဖြတ်ရှိ ယခင်ရက်ပိုင်းက ပိုးတွေ့ရှိခဲ့သူ လူနာ အမှတ် ၁၅၁ ရဲ့ အဆက်ဖြစ်ပြီး ကွယ်ကဘောပုဂ္ဂလိကဆေးရုံးက သူနာပြတွေဖြစ်တဲ့ လူနာအမှတ် ၁၅၂၊ ၁၅၃ နဲ့ ၁၅၄ တို့မှာ ရောဂါပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Photo - JPaing / MPA