ရန်ကုန်တိုင်း Stay at Home မြို့နယ်အားလုံးမှ ကားများ ပုသိမ်မြို့ထဲ ဝင်ခွင့်မပြု

ရန်ကုန်တိုင်းထဲက stay at home လုပ်ထားတဲ့ ၁၀ မြို့နယ်က ကားတွေ ပုသိမ်မြို့ထဲ ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ ပုသိမ်မြို့အထွက်မှာ စစ်ဆေးနေသူ ဦးမိုးဇော်က ပြောပါတယ်။ “ရန်ကုန် ၁၀ မြို့နယ်က ကားဆိုရင် ကျနော်တို့က မြို့တွင်းကို အဝင်မခံပါဘူး၊ ဒီမှာပဲ ရပ်ပြီးတော့ လူလာခေါ်တာဆိုရင်လည်း ကားကိုအပြင်မှာ ထားပြီး မြို့ထဲကလူကို ကားကို ပို့ပေးပါတယ်။” ပုသိမ်မြို့စစ်ဆေးရေးဂိတ် မရောက်ခင် ကိုးဆူကျေးရွာမှာ ကားတွေကတဆင့် ဆိုင်ကယ်တက္ကစီတွေနဲ့ သယ်ဆောင်တာတွေရှိတာကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ “ကားတွေကို တားစစ်ဆေးတဲ့အခါမှ ဆိုင်ကယ်တက္ကစီဆွဲနေသူတွေက ဆိုင်ကယ်တွေနဲ့ တက္ကစီဆွဲနေတော့ ဆိုင်ကယ်တွေကို လိုက်စစ်ရပါတယ်။ ကိုးဆူတို့၊ တကုန်းကြီးတို့က ထွက်လာသူတွေရှိတော့ စစ်ဆေးရတဲ့နေရာမှာ အခက်အခဲတွေရှိတယ်။” ဧရာဝတီတိုင်းမှာ ခရီးသွားလာခွင့်အား သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံက ခရီးသွားလာခွင့်ထောက်ခံချက်ယူဆောင်လာဖို့နဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေက ဝင်ရောက်သူအနေနဲ့ လာရောက်တဲ့ မြို့နယ်တွေရဲ့ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေ ခရီးသွားလာခွင့် ထောက်ခံချက် ယူဆောင်လာဖို့ ထုတ်ပြန်ထားပါတယ်။ ရောဂါဖြစ်ပွားရာ တိုင်းနဲ့ ပြည်နယ်တွေရှိ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေကနေ ပုသိမ်မြို့ကို အမြဲနေထိုင်သူ၊ ယာယီနေထိုင်သူတွေ လာရောက်ပါက Community Based Facility Quarantine ၂၁ ရက် ထားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up