Home
မြန်မာသတင်း
ဘားအံဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၅ ဦး ထပ်မံရောက်ရှိ
DVB
·
April 7, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၆ ရက် ​နေ့လယ်ပိုင်း အထိ COVID-19 စောင့်ကြည့်လူနာ ၅ ဦးရောက်ရှိနေပြီး လူနာတွေရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်အ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပို့ဆောင်ထားတယ်လို့  ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၅ ဦးအား ထိုင်းနိုင်ငံကနေ ပြန်‌လည် ဝင်ရောက်လာသူတွေဖြစ်ကြပြီး သူတို့ကိုသီးသန့်ထားရှိကာ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။  Quarantine Center မှာထားရှိတဲ့ ကိုယ်ဝန်ဆောင် လူနာတဦးကို အရေးပေါ်မီးဖွားနိုင်ဖို့ စောင့်ကြည့်ကုသမှုတွေ ဆောင်ရွက်ထားတယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။  “ဘားအံဆေးရုံမှာ COVID-19 အတည်ပြုလူနာ မနေ့က ဧပြီ ၅ ရက်နေ့ထိမရှိဘူး။ ပိုးတွေ့ရှိတဲ့ အဖြေထွက်ရှိတာမရှိဘူး။ မနေ့ကထိ ထိုင်းက ပြန်လာတယ်။ ဖျားခြင်း နာခြင်းမရှိတဲ့ ကိုယ်ဝန်ဆောင် မီးဖွားဖို့တော့ရှိတယ်။ အဲဒီအတွ​က်တော့ စစ်ဆေးထားတယ်” ဘားအံဆေးရုံကြီးကို မတ် ၇ ရက်က စတင်ပြီး ဒီကနေ့ထိ COVID-19 စောင့်ကြည့်လူနာ ၁၉ ဦးရောက်ရှိခဲ့ရာမှာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနရဲ့ ​ပြန်ကြားချက်​တွေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကြီးကနေဆင်းခွင့်ပြုခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဘားအံခရိုင်အတွင်း ထိုင်းနိုင်ငံကနေ မြဝတီမြို့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုတဲ့ (Quarantine Center)နေရာ ၁၁ ခုမှာ ထားရှိစောင့်ကြည့်နေပါတယ်။ ကရင်​ပြည်နယ်အတွင်းက နေရပ်ပြန်လာသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ရပ်မိရပ်ဖတွေ ရပ်ရွာအသင်းအဖွဲ့တွေကနေပြီး မိမိတို့ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောင်အဦတွေမှာ ၁၄ ရက် စောင့်ကြည့်ထားပြီး  ပူးပေါင်း ကူညီ ဆောင်ရွက်နေပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024