Live
Home
မြန်မာသတင်း
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံတွေ့ရှိ
DVB
·
March 30, 2020
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက် ည ၁၀ နာရီခွဲအချိန်က သတင်းထုတ်ပြန်လိုက်ပါတယ်။  ဓာတ်ခွဲအတည်ပြုလူနာ Case-09 ကတော့ ထိုင်းနိုင်ငံကနေ မြဝတီမြို့ကတဆင့် ပြန်လည်ဝင်ရောက်လာပြီး ရန်ကုန် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေအိမ်ကို မတ် ၂၆ ရက်မှာ ပြန်ရောက်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။  သူပြန်ရောက်တဲ့နေ့မှာပဲ ဖျားတာ၊ ချောင်းဆိုးတာကြောင့် ပုလဲမြို့သစ် ပြည်သူ့ဆေးရုံမှာ သီးသန့်စောင့်ကြည့်ထားရာကနေ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုလိုက်တာပါ။ ဓာတ်ခွဲအတည်ပြုလူနာ Case-10 ကတော့ မင်္ဂလာတောင်ညွန့်နေ (Case-05) လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီး ဝေဘာဂီဆေးရုံမှာ hospital quarantine ထားရှိစစ်ဆေးရာကနေ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုတာပါ။  သူကတော့ နိုင်ငံခြားခရီးသွားထားခြင်း မရှိဘဲ ပြည်တွင်းမှာ တဆင့်ကူးစက်ခံရတာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ မတ်လကုန် ၂၉ ရက်နေ့ ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး၊ စောင့်ကြည်/သံသယလူနာပေါင်း ၄၇၅  ဦး ရှိနေပါတယ်။  မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ တွေ့ရှိလာတာကြောင့် အဆိုပါလူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024