ပွင့်ဖြူမြို့နယ်တွင် ယာဉ်တစီး ချောက်ထဲထိုးကျမှုကြောင့် ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
March 12, 2020
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲတံခါးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ပုသိမ်-မုံရွာလမ်း၊ မိုင်တိုင်အမှတ် ၂၅၁/၃ အနီးမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က မော်တော်ယာဉ် ၁ စီး လမ်းဝဲဘက်ရှိ ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာကြောင့် သံဃာ ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
အခင်းဖြစ်နေရာကို မဲဇလီနယ်မြေမီးသတ်စခန်း၊ ရွှေစက်တော်နယ်မြေ၊ ငဖဲမြို့နယ်နဲ့ စလင်းမြို့နယ်မီးသတ်စခန်းတွေက သန္ဓေနဲ့အရန်တပ်ဖွဲ့ဝင်တွေ၊ ဆည်တော်ကျေးရွာမှ မြင့်မြတ်စိတ်ထား လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
ယာဉ်ပေါ်ပါ လိုက်ပါစီးနင်းသူ သံဃာတော်တစ်ပါး(ပျံလွန်တော်မူ)၊ မ ၁ ဦး (သေဆုံး) တို့နဲ့ ဒဏ်ရာရသူ ၈ ဦးတို့အား မဲဇလီလူမှုကူညီရေးအသင်းနဲ့ ဆည်တော်ကျေးရွာ လူမှုကူညီရေးအသင်းယာဉ်တွေနဲ့ မဲဇလီပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။