Home
မြန်မာသတင်း
ထူးခြားအံ့ဖွယ် ထမ်ဆန်းဂူကို  နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှုနည်းပါး 
DVB
·
March 4, 2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်းဆန်းဂူကို ပြည်တွင်းဘုရားဖူးတွေ လာရောက်လည်ပတ်တာများပေမယ့်  နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်မှု နည်းပါး နေပါတယ်။ အထူးသဖြင့်ဥရောပကခရီးသွားတွေလာရောက်မှုမရှိသေးဘဲ အာရှနိုင်ငံက ခရီးသွားတွေ အနည်းကျဉ်းသာ လာရောက်လည်ပတ်ကြတာပါ။ ထမ်းဆန်းလှိုင်ဂူတော်ကြီးဟာ ခုနှစ်ရက်သားသမီး ဘုရားဖူးလေ့လာနိုင်အောင် ဘာသာ သာသနာပိုမိုထွန်းကားဖို့ ဟိုပုံးကိုရင်လေး အရှင်ပေါရိဿက ၂၀၀၉ ခုနှစ်က မွမ်းမံထားတာ ဖြစ်ပါတယ်။ ထမ်းဆန်းဂူဟာ အရှည်ပေ ၅၀၀၀ လောက်ရှိပေမယ့် ခရီးသွားတွေ အခုလည်ပတ်လို့ရတဲ့နေရာက  ပေ ၁၀၀၀ ကျော်သာရှိပါတယ်။ ကျန်တဲ့ပေ ၄၀၀၀ အရှည်ဟာ လျှပ်စစ်မီးလုံလောက်မှုမရှိသလို အောက်စီဂျင်ရရှိမှု နည်းနေသေးတာကြောင့် လည်ပတ်လို့မရသေးပါဘူး။ ထမ်ဆန်းဂူအတွင်းမှာ ဘုရားတွေ၊ စေတီတွေ သဘာဝကျောက်စက်ပန်းဆွဲတွေ၊ ထီးပွင့်ခေါ် သဘာဝကျောက်စက်ပန်းဆွဲတွေ၊ ရေချောင်းတွေ၊ ရဟန္တာပန်းခြံတွေ စသဖြင့် လေ့လာစရာအများကြီးရှိနေပါတယ်။ ထမ်းဆန်းလှိုင်ဂူတော်ကြီးဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ လည်ပတ်စရာအထင်ကရနေရာ တခု ဖြစ်လာပြီး နေ့စဉ် လာရောက်လည်ပတ်သူ ၃၀၀၀ ကျော်ရှိကာ လာရောက်လည်ပတ်သူအတွက် သက်သတ်လွတ် ထမင်းဟင်းကိုလည်းအချိန်မရွေးစားသုံးနိုင်ဖို့ စီစဉ်ထားပါတယ်။ ထမ်းဆန်းလှိုင်ဂူတော်ကြီးဟာ တောင်ကြီးမြို့နဲ့ တောင်၂၆ မိုင်အကွာမှာ တည်ရှိပြီး လှိုင်ဂူတော်အပြင် ထမ်ဆန်းရွှေတိဂုံစေတီတော်ကို ဖူးမြော်နိုင်သလို၊ ရွံ့မြေနဲ့တည်ထားတဲ့ မြင့်မိုရ်တောင်၊ ဓမ္မာရုံ၊ ဟိုပုံးရေထွက်၊ မဲနယ်တောင်က သဘာဝအလှတွေနဲ့ တောင်ဇလပ်ပန်း တွေကိုလည်း လေ့လာနိုင်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024