အဓမ္မမှုဖြင့်စွဲဆိုခံနေရသည့် ပိုလန်စကီ၏ဇာတ်ကား ဆုရွေးချယ်ခံရမှုအား ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

အဓမ္မပြုကျင့်မှု စွပ်စွဲချက်တွေ ရင်ဆိုင်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ ပိုလန်စကီရဲ့ဇာတ်ကား ဆန်ကာတင်ထူးချွန်ဆု ချယ်ခံရပြီးနောက် ထူးချွန်ဆုချီးမြှင့်ရာ ကဇာတ်ရုံအပြင်ဘက်မှာ ဆန္ဒပြသူ တွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။  ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ ပိုလန်စကီဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် ၁၉၇၀ နှောင်းပိုင်းမှာ အမေရိကန်နိုင်ငံကို ထွက်ပြေး ခဲ့ပါတယ်။  ပိုလန်စကီဟာ နောက်ထပ်လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေ ရင်ဆိုင်နေရပြီး  အဲဒီစွပ်စွဲချက် အားလုံးကို သူက ငြင်းဆိုထားပါတယ်။  ဖေဖော်ဝါရီ ၂၈ ရက်က ပဲရစ်မြို့  ကဇာတ်ရုံတခုမှာ ကျင်းပတဲ့ ၂၀၂၀ဆီဇာထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ပိုလန်စကီရဲ့ 'An Officer and a Spy' ဇာတ်ကားဟာ တခြားဆုတွေ အပါအဝင်  အကောင်းဆုံးရုပ်ရှင်နဲ့ ဒါရိုက်တာဆုအတွက် ဆန်ကာတင်ထူးချွန်ဆု ရွေးချယ်ခံရပါတယ်။  အဲဒီနောက်မှာတော့ အမျိုးသမီးဝါဒီတွေ ၊ သရုပ်ဆောင် အများအပြားနဲ့ ပြည်သူတွေက ပိုလန်စကီရဲ့ ရုပ်ရှင် ဆန်ကာတင် ရွေးချယ်ခံရတဲ့အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။  ကျွန်ုပ်တို့အားလုံးဆိုတဲ့ အဖွဲ့အစည်းကိုယ်စားလှယ် တယောက်ကလည်း  “အဲဒီလိုလူတွေကို ဆုချီးမြှင့်တာက ပြင်သစ်ရုပ်ရှင်လောကမှာ လိင်ပိုင်းအကြမ်းဖက်မှုတွေကို ဆက်ဖြစ်စေပြီး အဓမ္မ ပြုကျင့်တဲ့ ယဉ်ကျေးမှုကို အားပေးရာရောက်တယ်”လို့ ပြောခဲ့ပါတယ်။  ဒါရိုက်တာ ပိုလန်စကီကလည်း  သူ့ကို လူအုပ်နဲ့ဝိုင်းတိုက်ခိုက်မှာ စိုးရိမ်တာမို့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up