မလေးရှားကောင်းကင်တွင် ဥက္ကာပျံဟု ယူဆရသည့်အရာတခု ဖြတ်သန်း (ရုပ်သံ)
DVB
·
February 24, 2020
မလေးရှားနိုင်ငံမှာ ဥက္ကာပျံလို့ ယူဆရတဲ့ အရာတခုဖြတ်သွားတာကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တခု ထွက်ပေါ်လာပါတယ်။
ဥက္ကာပျံလို့ ယူဆရတဲ့အရာ ဖြတ်သွားခဲ့တာကြောင့် ညဘက်ကောင်းကင်ယံမှာ လင်းထိန်သွားခဲ့တဲ့တာကို ကားမှာတပ်ဆင်ထားတဲ့ ကင်မရာကနေတဆင့် ရိုက်ကူးမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံ ဂျိုဟော်ဘာရူး အဝေးပြေးလမ်းတခုပေါ်ကနေ တဆင့်မှတ်တမ်းတင်လိုက်နိုင်တာပါ။
ဂျိုဟော်မှာမြင်တွေ့ခဲ့ရတဲ့ ပုံမှန်ထက်ပိုမိုတောက်ပနေတဲ့ မီးလုံးကြီးတလုံးနဲ့ ပတ်သက်တဲ့ သတင်းပေးမှု ခုနှစ်ခုကို ရရှိခဲ့တယ်လို့လည်း ဥက္ကာပျံဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(IMO)က သူတို့ရဲ့ ဝဘ်ဆိုဒ်မှာရေးသားထားပါတယ်။