Home
မြန်မာသတင်း
တပ်မတော်နေ့အခမ်းအနား ကာချုပ်(ငြိမ်း)များနှင့် အစိုးရအဖွဲ့ဝင်များကို ဝါစဉ်အတိုင်း ဖိတ်ကြားမည်ဟုဆို
နေဖြိုးဝင်း
·
February 22, 2020
မတ်လ ၂၇ ရက်နေ့ ကျရောက်မယ့် ၇၅ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူအားလုံးကို ဖိတ်ကြားသွားမှာဖြစ်သလို အစိုးရအဖွဲ့ကိုလည်း ဝါစဉ်တိုင်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။ “စိန်ရတုနေ့နဲ့ ထိုက်ထိုက်တန်တန်ဖြစ်အောင် ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖိတ်ကြားသင့် ဖိတ်ကြားအပ်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ဖိတ်ကြားနိုင်ဖို့အတွက် စီစဉ်နေတာရှိပါတယ်။ တပ်မတော်အကြီးအကဲတွေ၊ နောက် အစိုးရအဖွဲ့နဲ ပတ်သက်လို့လည်း ဖိတ်ကြားရမယ့် သမားစဉ်တွေရှိပါတယ်။ အဲသမားစဉ်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖိတ်ကြားတဲ့အခါမှာလည်း ယခင်နှစ်တွေကလည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ဖိတ်ကြားခဲ့တာရှိပါတယ်။ ဒီနှစ်မှာ ဘယ်လိုဖိတ်ကြားသွားမယ်ဆိုတာကို စီစဉ်နေတာရှိပါတယ်။ တပ်မတော်နေ့ကျလို့ရှိရင်တော့ အားလုံး သေသေချာချာသဲသဲကွဲကွဲသိရပါမယ်။”   တပ်မတော်မှာ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ရှေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေအနေနဲ့  ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီးဆန်းယု၊ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထိ ၇ ဦးရှိတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024