မိုးမိတ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၇ သိန်းခန့် သိမ်းဆည်းရမိ
DVB
·
February 16, 2020
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်မှာ စိတ်ကြွဆေးပြား မနေ့ညနေပိုင်းက ယာဉ်တစီးပေါ်ကနေ စိတ်ကြွဆေးပြား ၇ သိန်းလောက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်သော ပူးပေါင်းအဖွဲ့ဟာ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျောက်မောကျေးရွာအနီး တောလမ်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က မသင်္ကာဖွယ် ရပ်တန့်ထားတဲ့ MDY 5H/xxxx Wingroad မော်တော်ယာဉ်ကို သွားရောက် စစ်ဆေးရာမှ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်မောင်းထိုင်ခုံအောက်ရှိ အံဝှက်အတွင်းမှ ပလတ်တစ်အိတ်တဲ့ ထည့်ထားတဲ့ WY/R စာတမ်းပါ နဲ့ စာတမ်းမပါ စိတ်ကြွဆေးပြား ၆၉၀၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။