ထိုင်းစစ်သား ပစ်ခတ်မှုကြောင့် ၂၉ ဦး သေဆုံး၊ ၅၇ ဦး ဒဏ်ရာရ

Reuters/Soe Zeya Tun
ထိုင်းနိုင်ငံ နခွန် ရတ်ချာစီမာခရိုင်မှာ စစ်သားတယောက်က လူအုပ်ကို ရမ်းကား ပစ်ခတ်ခဲ့လို့ လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအတွက် ဖေဖော်ဝါရီ ၉ ရက်မှာ ဆုတောင်းပွဲကို လူထောင်ချီ တက်ရောက်ပါတယ်။ ဘုန်းတော်ကြီးတွေက ဦးဆောင်တဲ့ ဆုတောင်းပွဲမှာ သေဆုံးသူတွေအတွက် ပန်းဖြူတွေကို လူတွေက ချထားခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ Terminal 21 Shopping Centre ထဲမှာ ရှိနေသူတွေပါ။ ပစ်ခတ်သူဟာ သူ့စစ်စခန်းကနေ ခိုးယူလာတဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်တို့နဲ့အတူ ညလုံးပေါက် ခိုအောင်းပစ်ခတ်ခဲ့ပါတယ်။ စစ်သားဟာ သူ့အထက်အရာရှိရဲ့အိမ်မှာ ပစ်ခတ်အပြီး စစ်စခန်းထဲ ဝင်ရောက်ခဲ့ပြီးမှ ကုန်တိုက်တန်းထဲ ဝင်ခဲ့တာပါ။ ကုန်တိုက်တန်းထဲမှာ ပစ်ခတ်သတ်ဖြတ်မှုဟာ စနေမွန်းလွဲ ၃ နာရီက စခဲ့တာပါ။ အထူးတပ်ဖွဲ့ဝင် စစ်သည် ဂျတ်ကရာဖှန် သန်မာကို ကုန်တိုက်တန်း မြေအောက်ခန်းမှာ ဖေဖော်ဝါရီ ၉ ရက်မနက် ရောက်မှ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပစ်ခတ်သူဟာ တိုက်ခိုက်နေချိန်မှာပဲ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စာတွေ ရေးတင်ခဲ့ပါသေးတယ်။ သူဟာ အထက်အရာရှိရဲ့ ဆွေမျိုးတယောက် ပါဝင်ပတ်သက်နေတဲ့ မြေယာ အရောင်းအဝယ်အပေါ် ဒေါသထွက်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up