လက်တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား စစ်သားများကို ပစ်ခတ်ဟု တူရကီပြော

(File Photo: AFP)
တူရကီစစ်သား ၈ ယောက် သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တူရကီစစ်တပ်က အစ်ဒလစ်ပြည်နယ်ရှိ ပစ်မှတ် ၅၄ ခုကို တိုက်ခိုက်ပြီး ဆီးရီးယားအစိုးရ စစ်သား ၇၆ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။ တူရကီဟာ သူ့ရဲ့ စစ်ဘက်လှုပ်ရှားမှုတွေကို ရုရှားအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပေမယ့်  ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ တူရကီစစ်တပ်ဟာ ရုရှားကို အကြောင်းမကြားဘဲ ရှေ့ဆက်ခဲ့ပြီးနောက် ဆီးရီးယားအစိုးရတပ်တွေ ပစ်ခတ်တာကို ခံရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။  ဆီးရီးယားအစိုးရတပ် အမြောက်ပစ်ခတ်မှုကြောင့် တူရကီ စစ်သား ၇ ယောက်နဲ့ အရပ်သား ၁ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရုရှားလေကြောင်းပစ်ကူပေးထားတဲ့ ဆီးရီးယား အစိုးရတပ်တွေဟာ အစ်ဒလစ်ပြည်နယ်မှာ အတော်လေး အသာစီးရနေပြိး အဲဒီတိုက်ခိုက်မှုကို မရပ်ရင်    အဲဒီမှာ စစ်ဆင်ရေး လုပ်မယ်ဆိုပြီး တူရကီက သတိပေးနေပါတယ်။  အစ်ဒလစ်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဆီးရီးယားပြည်သူ သိန်းချီပြီး နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်က ရုရှားလေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သား ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ တူရကီအစိုးရဟာ ဆီးရီးယားနိုင်ငံ အိဒလစ်ဘ်မြို့က စစ်စခန်းတွေကို အားဖြည့်ဖို့ စစ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၃ ရက်က စေလွှတ်လိုက်ပြီလို့ IHA သတင်းမှာ ရေးပါတယ်။ ဆီးရီးယားအနောက်မြောက်ပိုင်းက အိဒလစ်ဒေသထဲမှာ အစိုးရတပ်တွေက တူရကီ စစ်တပ်ကို တိုက်ခိုက်အပြီးမှာ ခုလို တပ်ကူလွှတ်လိုက်တာပါ။ ပဋိပက္ခတွေ တိုးလာချိန်မှာ ဘေးထွက်နေကြဖို့လိုတဲ့အကြောင်း တူရကီဟာ ရုရှကို ပြောပြီးပြီလို့လည်း အာဒိုဂံက ပြောပါတယ်။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ရဲ့ တပ်တွေကို ရုရှားက လေကြောင်း ပစ်ကူပေးထားပြီး လတ်တလောအချိန်မှာ အိဒလစ်ဘ်မြို့ကို ထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲတွေ မရပ်ရင် တူရကီက စစ်ဆင်ရေး စကောင်းစမယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up