Live
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပညာပေးဟောပြောပွဲ လွိုင်ကော်တွင်ကျင်းပ
နော်နိုရင်း
·
February 3, 2020
ကလေးငယ်တွေကို ဝမ်းပျက်ဝမ်းလျှော အပြင်းအထန်ဖြစ်စေတတ်တဲ့ ရိုတာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးတာနဲ့  ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပေးဟောပြောပွဲကို ဒီကနေ့ ကယားပြည်နယ် လွို်ငကော်မြို့မှာ ကျင်းပပါတယ်။ အသက် ၂ လနဲ့ ၄  လ အရွယ်က​လေးတွေကို ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော(ရိုတာ) ကာကွယ်​ဆေးတိုက်​ကျွေးခြင်း ၊ အသက် ၁  နှစ်ခွဲအရွယ်က​လေးငယ်တွေကို ဆုံဆို့ ကြက်ညှာ-​မေးခိုင်-အသည်း​ရောင်အသားဝါဘီ၊ ဦးနှောက်အ​​မြှေး​ရောင်(ငါးမျိုးစပ်ကာကွယ်​ဆေး) စတုတ္ထအကြိမ် ထိုးနှံ​ပေးခြင်းနဲ့ ကိုရိုနာရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ အသိပညာပေးဆွေးနွေးပွဲကို ဒီကနေ့ လွိုင်ကော်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ ကျင်းပတာပါ။ အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ အဓိကကြောင်းအရင်းကတော့ ရိုတာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်ပြီး တနှစ်အောက်ကလေးငယ်တွေမှာ ဖြစ်ပွားပါက ပြင်းထန်ပြီး  အသက်သေဆုံးတတ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ အသက် ၂ လနဲ့ ၄ လအရွယ်ကလေးငယ်တွေကို ကာကွယ်ဆေး စတင်ထည့်သွင်းတိုက်ကျွေးတာ ဖြစ်ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီက စတင်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့  ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်မှာ အသက် ၂ လနဲ့ ၄ လ အရွယ်ကလေးငယ်တွေကို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး (Rotarix) ထည်သွင်းတိုက်ကျွေးမှာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024