ကိုရိုနာဗိုင်းရပ်စ်အရေး အစိုးရ ပိုမိုလုပ်ဆောင်ပေးရန် ဟောင်ကောင်ပြည်သူများ တောင်းဆို

HECTOR RETAMAL—AFP/Getty Images
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅၉ ဦးအထိ မြင့်တက်လာပြီး ရောဂါကူးစက်သူပေါင်း ၁၁,၇၉၁ ယောက်အထိ ရှိလာတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်  ဗဟိုအစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ နိုင်ငံတကာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၁၃၀ ရှိတာကြောင့် တကမ္ဘာလုံး နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁,၉၀၅၁ ယောက် ရှိလာပါပြီ။  ဖေဖော်ဝါရီလ ၁ ရက်က ဟောင်ကောင်ဒေသခံတွေ မျက်နှာဖုံး ဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ ယောက်ရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပြီး သေဆုံးတာ မရှိပါဘူး။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်မခံရရေးအတွက် အစိုးရဘက်က ပိုမိုလုပ်ဆောင်ပေးဖို့ ဟောင်ကောင်ဒေသခံတွေက တောင်းဆိုကြပါတယ်။  တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်နယ်စပ်ကို ပိတ်ဖို့ တောင်းဆိုချက်တွေကို  အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က ဇန်နဝါရီလ ၃၁ ရက်မှာ ပယ်ချခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ဒီသီတင်းပတ်အတွင်း တရုတ်အစိုးရဟာ  နိုင်ငံရပ်ခြားခရီးသွားလုပ်ငန်းအားလုံးကို ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ခါတိုင်း လူနာနှစ်သစ်ကူးမှာ တရုတ်ခရီးသွားတွေ အလာများတဲ့ ထိုင်းနိုင်ငံ ဖူးခတ်မြို့က ဈေးဆိုင်တွေဟာလည်း ခြောက်ကပ်လို့နေပါတယ်။  မနှစ်က တရုတ်ခရီးသွား ၁၁ သန်း လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉ ယောက် ရှိပါတယ်။ ဇန်နဝါရီလ ၃၁ ရက်က ထိုင်းအစိုးရဟာ ပထမဆုံး လူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ်  ကူးစက်မှုကို တွေ့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်ခရီးသွားတခုတည်း လျော့ကျမှုကြောင့် ခရီးသွားလုပ်ငန်းဝင်ငွေ ထိုင်းဘတ် ဘီလီယံ ၅၀ ဆုံးရှုံးနိုင်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up