ဟုမ္မလင်းမြို့တွင် အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
January 30, 2020
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့မှာ မနေ့က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၉ ရက် မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၃ မိနစ်၊ ၀၄ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးတဲ့ ဟုမ္မလင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၂၂ မိုင် ခန့်အကွာ အနက် ၁၁၄ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။