Home
ဆောင်းပါး
Nestlé နှင့်  DHL ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် (ကြော်ငြာဆောင်းပါး) 
DVB
·
January 28, 2020
Nestlé က DHL Supply Chain ကန်ထရိုက်ကို သိုလှောင်ရုံ လုပ်ငန်းစဉ် စီမံခန့်ခွဲမှုများ ပေးအပ် စာချုပ် ချုပ်ဆိုခြင်း  ပြည်တွင်းရှိ DHL ၏ ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင်ရှိသော ကဏ္ဍစုံ အသုံးပြုနိုင်သည့် သိုလှောင်ရုံတွင် Nestlé လုပ်ငန်းစဉ်များကို DHL သိုလှောင်ရုံတခုလုံး၏ ၆၀ ရာခိုင်နှုန်းကျော် နေရာယူပြီး လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဒေသတွင်းတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ မိတ်ဖက်အဖြစ် တည်ရှိခဲ့သော ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မြန်မာ (ဇန်နဝါရီ ၉ ၊ ၂၀၂၀) ကမ္ဘာ့အကြီးဆုံး အစားအသောက် ကုမ္ပဏီတခု ဖြစ်သော Nestlé  က Coffee mate®၊ MILO® နှင့် Nescafé® အစရှိသော နာမည်ကြီး brand များ အပါအဝင်  မြန်မာပြည်တွင်းရှိ ၎င်း အစားအသောက် ထုတ်ကုန်များ၏ သိုလှောင်ရုံစီမံခန့်ခွဲမှုလုပ်ငန်း အလုံးစုံကို Logistics Solutions အတွက် ကန်ထရိုက်အဖြစ်ဖြင့် ကမ္ဘာ့စျေးကွက်ကို ဦးဆောင်နေသော  DHL ကုမ္ပဏီကို စီမံခန့်ခွဲ ခွင့်ပေးအပ်ခဲ့ပါသည်။ Nestlé ၏ ကုန်ပစ္စည်းလုပ်ငန်းများ (operation) သည်  မြန်မာနိုင်ငံတွင် ပထမဆုံး ကဏ္ဍစုံ အသုံးပြုနိုင်သည့် DHL သိုလှောင်ရုံတွင် ၄၀၀၀ စတုရန်းမီတာ နေရာယူမည်ဖြစ်ပြီး သိုလှောင်ရုံတခုလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ဖြစ်သည်။ မကြာသေးခင်က ဖွင့်လှစ်ခဲ့သည့် DHL သိုလှောင်ရုံသည် ရန်ကုန်မြို့၏ စီးပွားကုန်သွယ်မှု အချက်အချာနေရာတခု ဖြစ်သော ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ Nestle ၏ လက်တလော ဖွင့်လှစ်ထားသည့် ကုန်ထုတ်လုပ်မှုစက်ရုံ အနီးတွင် တည်ရှိခြင်းကြောင့် လုပ်ငန်းစဉ်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။  “မြန်မာနိုင်ငံဟာ စီးပွားရေး အလားအလာကောင်းများရှိပြီး စိတ်လှုပ်ရှားတက်ကြွဖွယ် ဈေးကွက်တခု ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို လိုက်လျောညီထွေစွာ ၀န်ဆောင်မှုပေးစွမ်းနိုင်စေရန်နှင့် သုံးစွဲသူများရဲ့ စီးပွားရေးများကို တိုးတက်ဖွံ့ဖြိုးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများလည်း ရရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းကုန်သွယ်မှုမှာ ပိုမိုအရေးပါလာဖို့ ကြိုးစားနေသလို ပြည်တွင်း စီးပွားရေးဟာ လာမယ့်နှစ်မှာ ၆ ဆတိုးတက်လာဖို့ မျှော်လင့်ထားရှိတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်မည့် နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ကျနော်တို့ ဒေသတွင်းလုပ်ငန်း အတွေ့အကြုံများနှင့် အ‌ကောင်းဆုံးသော လုပ်ငန်းဝန်ဆောင်မှုများကို ပေါင်းစပ်ပြီး ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များရဲ့ supply chain လုပ်ငန်းများအတွက်  အကောင်းဆုံး ဝန်ဆောင်ပေးနိုင်လိမ့်မယ်ဟု ယုံကြည်ပါသည်” ဟု Kevin Burrell, CEO DHL Supply Chain, Thailand Cluster (Thailand, Vietnam, Myanmar and Cambodia)က ပြောကြားပါသည်။ Nescafe၊ Milo၊ Bear Brand နှင့် Cerelac ကဲ့သို့ နာမည်ကြီး ကောင်းမွန်သော brandsများ အပါအဝင်  “ပြည်တွင်း စားသုံးသူများအတွက် အာဟာရပြည့်ဝတဲ့ အရည်အသွေးမီ လုံခြုံစိတ်ချရတဲ့ စားသောက်ကုန်တွေကို ရောင်းချပေးနိုင်ဖို့ မြန်မာပြည်တွင်း စားသောက်ကုန် ကဏ္ဍမှာ ဆက်လက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမှာ ဖြစ်ပါသည်။  Nestle ဟာ ကမ္ဘာသိ နာမည်ကျော်စားသောက်ကုန် brand တခု ဖြစ်တာကြောင့် ကျနော်တို့ရဲ့ အဆင့်မြင့် အစားအသောက်ဆိုင်ရာ လုံခြုံမှုနှင့် ထုပ်ပိုးမှုစည်းကမ်းကို နားလည်ပြီး တိကျစွာ လိုက်နာကျင့်သုံးရုံသာမက စားသုံးသူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်စေရန် ကျနော်တို့ ကုန်ပစ္စည်းများကို နည်းဗျူဟာကျကျ စနစ် မှန်မှန်ကန်ကန်နှင့် အကောင်းဆုံးအခြေအနေမှာ သိုလှောင်တည်ရှိစေဖို့ သိုလှောင်ရုံ ဝန်ဆောင်မှုပေးတဲ့ မိတ်ဖက်အနေနဲ့ စီစဉ်ဆောင်ရွက် နိုင်ခြင်းဟာလည်း အရေးကြီးဆုံး အချက်တခု ဖြစ်ပါတယ်” ဟု Victor Seah, Chairman and CEO Nestlé Indochina က ပြောကြားပါသည်။ ကုန်းလမ်းဆက်သွယ်ရေး လွယ်ကူခြင်း၊ မြို့လယ်နှင့် မဝေးကွာသောနေရာတွင် တည်ရှိခြင်းတို့ကြောင့် သိုလှောင်ရုံသည် အဆင်မြင့် သိုလှောင်ရုံစီမံခန့်ခွဲမှု နည်းပညာများဖြင့် Nestlé ၏ ပစ္စည်းများကို အချိန်ပြည့် ကြည့်ရှုစစ်ဆေးလျက် ရှိပါသည်။ လုပ်ငန်းစဉ် ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရန် ကုန်ပစ္စည်း အတင်အချပြုလုပ်သော နေရာ ၈ ခု နှင့် ၃၆၀ ဒီဂရီ လုံခြုံရေးစောင့်ကြည့်ကင်မရာများကိုလည်း တပ်ဆင်ထားပါသည်။  ယခုလို မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအပြင် DHL Supply Chain နှင့် Nestlé ကြား  ဆယ်စုနှစ် နှစ်ခုကျော် ပူးပေါင်းဆောင်ရွက်မှုအဖြစ် DHL Supply Chain သည် Nestlé ၏  Australia၊ India၊ Malaysia၊ New Zealand၊ Taiwan၊ Thailand နှင့် Vietnam ရှိ သိုလှောင်ရုံနှင့်  supply chain လုပ်ငန်းစဉ်များ ကို စီမံခန့်ခွဲပေးလျက်ရှိသည်။  DHL သည်ကမ္ဘာ့ logistic ကုမ္ပဏီဖြစ် DHL သည် ကမ္ဘာတဝန်း logistic ကဏ္ဍကို ဦးဆောင်သော company ကြီးတခု ဖြစ်သည်။ ကျနော်တို့ DHL မိသားစုဌာနခွဲများသည် စီမံခန့်ခွဲရေးစက်မှုနယ်ပယ်တွင် logistics ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတွင်းနှင့် နိုင်ငံတကာ စာပို့လုပ်ငန်းများ၊ e-commerce ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးတွင် အပြည့်အ၀တာဝန်ယူခြင်း၊ နိုင်ငံတကာ စာပို့လုပ်ငန်း၊ ကုန်ကြောင်း၊ လေကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံထားပါသည်။ နိုင်ငံပေါင်း ၂၂၀ တွင် ဝန်ထမ်းပေါင်း ၃၈၀,၀၀၀ ကျော်ဖြင့် DHL သည် စီးပွားရေးလုပ်ငန်းများကို လုံခြုံစွာနှင့် ယုံကြည်စိတ်ချရသော စွမ်းဆောင်ချက်များဖြင့် ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းအဖြစ် စီးဆင်းနေသည်။ နည်းပညာလုပ်ငန်း၊ ဇီ၀ဗေဒဆိုင်ရာ သိပ္ပံဘာသာရပ်နှင့်  ကျန်းမာရေး စောင့်ရှောက်မှု၊ စွမ်းအင်လုပ်ငန်း၊ စျေးကွက်ဖွံ့ဖြိုးမှုအတွက် ဖြေရှင်းချက်များ၊ ဖွံဖြိုးလျက်ရှိသည့် စျေးကွက်တွင် DHL သည် တကမ္ဘာလုံးအတွက် logistics ကုမ္ပဏီအဖြစ် ခိုင်မာစွာနေရာယူထားပါသည်။  DHL သည် Deutsche Post DHL အုပ်စု ၏ တစိတ်တပိုင်း ဖြစ်ပါသည်။ Deutsche Post DHL သည် ၂၀၁၈ ခုနှစ်တွင် ယူရို ၆ ဒသမ ၁ ဘီလီယံကျော်ကို ရရှိခဲ့ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024