ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း တင်ပြ
DVB
·
February 25, 2013
နိုင်ငံ့ဝန်ထမ်းတွေ ကိုယ့်ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်နိုင်ဖို့အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း လစာစရိတ်ကို သင့်တင့်မျှတစွာ ဖြည့်ဆည်းပေးရေး ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်မှာ အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီလို လစာ တိုးပေးဆောင်ရွက်ရာမှာ လက်ရှိ အစိုးရက တင်ပြထားတဲ့ သာမန်သုံးငွေကို ထပ်တောင်းဖို့ မလိုဘဲ ခေါင်းစဉ်လွှဲပြောင်းတဲ့နည်းနဲ့ ဆောင်ရွက်ဖို့လည်း လမ်းညွှန်လိုက်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူရဦးရွှေမန်းက ဝန်ထမ်းတွေ လစာတိုးပေးရေး၊ အခွန်ဌာနရဲ့ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေနဲ့ အမိန့်ကြော်ငြာ စတောတွေအားလုံး လွှတ်တော်ကို တင်ပြပြီး လွှတ်တော်က စိစစ် ဥပဒေပြုပေးရေး အပါအဝင် အချက် ၇ ချက်ကို တင်ပြခဲ့ပါတယ်။