နပန်းသမား  ရော့ကီဂျွန်ဆင် ကွယ်လွန်

ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် ဒူဝိန်းဂျွန်ဆင် (Dwayne Johnson) ရဲ့ ဖခင် ပရော်ဖက်ရှင်နယ်နပန်းသမား  ရော့ကီဂျွန်ဆင်ဟာ ဇင်္န်နဝါရီ ၁၆ ရက်က အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။  ရော့ကီဂျွန်ဆင်ကို ကနေဒါမှာ မွေးဖွားခဲ့ပြီး ၁၉၆၀ ဝန်းကျင်ကာလမှာ သူဟာ ပရော်ဖက်ရှင်နယ် နပန်းသမားဘဝကို စတင်ခဲ့ပါတယ်။  ရော့ကီဟာ World Tag Team Champion ဟောင်းဖြစ်ပေမယ့် သူရဲ့ အအောင်မြင်ဆုံးကာလကတော့ ကမ္ဘာ့နပန်းဖျော်ဖြေရေး (WWE) ကို စတင်ဝင်ရောက်တဲ့  ၁၉၈၃ ခုနှစ်ပဲ ဖြစ်ပါတယ်။  ၁၉၉၁ ခုနှစ်မှာ နပန်းသမားဘဝကနေ အနားယူပြီးနောက် သားဖြစ်သူ ဒူဝိန်းဂျွန်ဆင်ကို နပန်းအားကစား ကူညီလေ့ကျင့်ပေးခဲ့ပါတယ်။  ဒူဝိန်းဟာလည်း  ၁၉၉၀ ဝန်းကျင်ကာလမှာ "The Rock" နာမည်နဲ့  ပရော်ဖက်ရှင်နယ် နပန်းသမားအဖြစ် ထင်ရှားလာခဲ့ပါတယ်။  အခုဆိုရင် သူဟာ ဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်ထဲက တယောက် ဖြစ်နေပါပြီ။  ဒူဝိန်းရဲ့ ဖခင် ရော့ကီဂျွန်ဆင်ကွယ်လွန်ခဲ့တဲ့အတွက်  ကမ္ဘာ့နပန်းဖျော်ဖြေရေး (WWE) က ဝမ်းနည်းကြေကွဲကြောင်း  သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up