Homeရုပ်သံ
ပါရမီရှင်ကလေးငယ်များရဲ့ ‘ရွဲကုန်သည်’ပြဇာတ်သရုပ်ဖော်တင်ဆက်မှု အွန်လိုင်းပေါ် နာမည်ကြီး နေ(ရုပ်သံ)
ပါရမီရှင်ကလေးငယ်များရဲ့ ‘ရွဲကုန်သည်’ပြဇာတ်သရုပ်ဖော်တင်ဆက်မှု အွန်လိုင်းပေါ် နာမည်ကြီး နေ(ရုပ်သံ)
DVB
·
January 15, 2020
ဘုရားဟော ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက ‘ရွဲကုန်သည်’ဇာတ်တော်ဟာ ကလေးလူကြီး မရွေး သိကြပြီးဖြစ်တဲ့ ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။
ဒီဇာတ်တော်ကို ပြဇာတ်အဖြစ် သရုပ်ဖော်တင်ဆက်တာတွေ၊ စင်တင်ပြဇာတ်တွေ အနေနဲ့ ကပြဖျော်ဖြေတာတွေကို ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေမှာ လုပ်ကြလေ့ရှိ ကြပါတယ်။
ဇာတ်တော်ထဲမှာတော့ ဘုရားလောင်း ရွဲကုန်သည်နဲ့ ဒေဝဒတ်အလောင်းအလျာ ရွဲ ကုန်သည်တို့ရဲ့ အလင်းနဲ့ အမှောင်၊ အဖြူနဲ့အမည်း၊ ကောင်းတဲ့စိတ်နဲ့ ဆိုးတဲ့စိတ်ကို ထင် ထင်ရှားရှား တွေ့မြင်နိုင်ပြီး သင်ခန်းစာယူ၊ တွေးဆဆင်ခြင်ဖွယ် အကြောင်းအရာတွေ ပါ ဝင်နေတာပါ။
ခုတခါမှာတော့ အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်လှတဲ့ ပါရမီရှင်လေးတွေ လို့ တင်စားပြောဆိုကြရမယ့် ကလေးငယ်တွေရဲ့ ‘ရွဲကုန်သည်’ပြဇာတ်ကပြတင်ဆက်မှုကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေမှုကိုတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာမှာ ပြုလုပ်တဲ့ ကျောင်းသားကလေးငယ်တွေရဲ့ ပညာရေးစုံညီပွဲတော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ခံစကားပြော ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အချီအချညီညီ၊ အချိတ်အဆက် ညီညီနဲ့ ဖျော်ဖြေတင်ဆက်သွားပုံဟာ အားလုံးကို အံ့အားသင့်စေပြီး ချီးကျူးစရာ ဖြစ်နေ ခဲ့တာပါ။
ဒီတင်ဆက်မှုရုပ်သံ အပြည့်အစုံကိုတော့ Naymin Tun အမည်နဲ့ အသုံးပြုတဲ့ ဖေ့စ် ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဒီရုပ်သံဟာ အွန်လိုင်းပေါ် ရေပန်းစားနေပြီး ချီး ကျူးမှတ်ချက်တွေနဲ့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။