Home
မြန်မာသတင်း
သူရိယနေဝန်းဂျာနယ် တာဝန်ရှိသူများ ခံဝန်ထိုးခဲ့ဟု မီဒီယာကောင်စီပြော
စိုးမိုးအောင်
·
January 11, 2020
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မိသားစုဓာတ်ပုံတွေကို ယူသုံးပြီး သတင်းကျင့်ဝတ်နှင့်မညီ ရေးသားတင်ပြခဲ့တဲ့ သူရိယနေဝန်းဂျာနယ်က တာဝန်ရှိသူတွေဟာ စာနယ်ဇင်းကောင်စီမှာ နောက်မရေးဖို့ ဝန်ခံကတိထိုးခဲ့တယ်လို့ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ ဇန်နဝါရီ ၁၀ ရက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာ လုပ်တဲ့  လစဉ်သတင်စာရှင်းလင်းပွဲမှာ အတွင်းရေးမှူးက အခုလိုပြောခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာကျင့်ဝတ်နဲ့မညီဘဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ မိသားစုပုံတွေကို ယူသုံးပြီး “ခွေးသားရေပေါ်မှာ ရေးမှတ်ထားရမယ့်ငွေကြောင့် မြန်မာပြည်အား သစ္စာဖောက်ကြသူများ” ဆောင်ပါး ရေးသားဖော်ပြလိုက်တဲ့အပေါ် နောက်မလုပ်ဖို့ ဝန်ခံကတိထိုးခိုင်းခဲ့သလို သူရိယနေဝန်းဂျာနယ်မှာ တောင်းပန်စာ အမြန်ဆုံး ရေးသားဖော်ပြဖို့ ကောင်စီမှာ ဝန်ခံကတိထိုးခဲ့တယ်လို့ ဆိုပါတယ်။ သတင်းမီဒီယာကောင်စီအနေနဲ့ တိုင်ကြားစာတွေ ဖြေရှင်းတဲ့အခါမှာ ပုံနှိပ်မီဒီယာတွေရဲ့ရေးသားဖော်ပြမှုအပေါ် ကာယကံရှင်တွေဖြစ်တဲ့ တပ်မတော်နဲ့ အစိုးရအဖွဲ့အစည်းက တိုင်ကြားမှုတွေ လည်း ပါဝင်တယ်လို့ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။  အဲဒီအထဲမှာ အထူးခြားဆုံးကတော့ သူရိယနေဝန်းသတင်းဂျာနယ်ရဲ့ဖော်ပြမှုဟာ သတင်းလောကတခုလုံးအတွက် ထိခိုက်မှုရှိသလို တိုင်းပြည်အတွက်ပါ ထိခိုက်နိုင်တဲ့ အခြေအနေ ရှိတာကြောင့် ခေါ်ယူသတိပေးလိုက်တယ်လို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတဲ့ အမှုတွေဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ ပုဂ္ဂလိကအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကနေ တိုင်ကြားစာ ၆ စောင်ပေးပို့ထားပြီး အဲဒီထဲက ရုပ်သိမ်းတဲ့တိုင် ကြားစာ ၁ စောင်၊အကြောင်းပြန်စာပေးပို့တဲ့ တိုင်ကြားစာ ၂ စောင်နဲ့ ဖြေရှင်းပေးတဲ့ တိုင်ကြားစာ ၂ စောင် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024