အင်ပင်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ
DVB
·
January 4, 2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အင်ပင်မြို့မှာ ဒီနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကစားပွဲတော်မှာ မာရသွန်အလွတ်တန်းပြိုင်ပွဲကို ကျင်းပခဲ့ပြီး အင်ပင်မြို့က စတင်တာလွတ်ပြီး မြန်အောင်မြို့မှာ တာဝင်ခဲ့ပါတယ်။ ဆုပေးပွဲကို ဇန်နဝါရီ ၄ ရက်နေညမှ ပြုလုပ်မှာဖြစ်ပါတယ်။
မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်မှုဆောင် ဦးအောင်မြင့်စိုးက "အဓိကပါတီဝင်တွေနဲ့ ပြည်သူတွေ ပူပေါင်းကျင်းပတာပါ။ မာရသွန်နဲ့အခြားအားကစားတွေလည်းပါဝင်မှာပါ။ အခမ်းအနားကို အင်ပင်မြို့မှာ ၆ နာရီခွဲ စတင်ကျင်းပတာပါ။ ကျန်အားကစားတွေကတော့ တနေ့လုံးကျင်ပမယ်” လို့ ပြောပါတယ်။
အခမ်းအနားကို မြန်အောင်မြို့နယ်တွင်းက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။