ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်း၌ လူကုန်ကူးမှုအများဆုံးဖြစ်
DVB
·
January 3, 2020
တိုင်းနဲ့ပြည်နယ်တွေမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လူကုန်ကူးမှုတွေ ဖြစ်ပွားခဲ့ရာမှာတော့ ရန်ကုန်တိုင်းဟာ အများဆုံးဖြစ်တယ်လို့ လူ/ကုန်တားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလထဲမှာဆိုရင် ရန်ကုန်တိုင်းဟာ လူကုန်ကူးမှု ၇ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့တာတွေ့ရပြီး ပဲခူးနဲ့မန္တလေးတိုင်းမှာတော့ ၁ မှုစီ၊ ရှမ်းပြည်နယ်မှာ ၂ မှုနဲ့ ဧရာဝတီတိုင်းမှာတော့ ၅ မှုရှိပြီး ဒုတိယအများဆုံးလို့ ဆိုနိုင်ပါတယ်။
လူကုန်ကူးမှု အမျိုးအစားအနေနဲ့ကတော့ အဓမ္မစေခိုင်းခံရမှုဟာ ၇ မှုနဲ့ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တာပါ။
အဓမ္မလက်ထပ်မှုကတော့ ဒီဇင်ဘာလထဲမှာ ၇ မှုရှိပြီး တရုတ်နိုင်ငံကိုပို့ဖို့ ကြိုးစားချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
လူ/ကုန်တားရဲတပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာလထဲမှာ လူကုန်ကူးမှု ၁၆ မှု ဖော်ထုတ်နိုင်ခဲ့သလို တရားခံ ၄၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီ ကလေး(ကျား) ၄ ဦးအပါအဝင် လူကုန်ကူးခံရသူ ၃၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။