ဆက်သွယ်ရေးဝန်ကြီး နာမည်စာရင်း တင်သွင်း
DVB
·
February 8, 2013
နုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ၀န်ကြီးနေရာအတွက် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို တာဝန်ပေးလိုတဲ့အကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြလိုက်တာဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကိုလည်း စစ်ဘက်ရာထူး ပြန်လည် တာဝန်ထမ်းဆောင်စေမှာဖြစ်ပြီး လစ်လပ်သွားတဲ့ နယ်စပ်ဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ခန့်အပ် တာဝန်ပေးလိုကြောင်း ဖော်ပြထားပါတယ်။
ဒီ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အတည်ပြုပေးမှာ ဖြစ်ပါတယ်။