ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ မဟာမြတ်မုနိဘုရားတွင် ဆုတောင်းပွဲ လုပ်မည်
DVB
·
February 8, 2013
လာမယ့် ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃ ရက်နေ့ကျရင် မန္တလေးမြို့ကို ရောက်မယ့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွေကို တက်ရောက်မယ့်အပြင် မဟာမြတ်မုနိဘုရားမှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ လုပ်မည်ဖြစ်ကြောင်း အဖွဲ့ဝင် ကိုရန်နိုင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီအဖွဲ့ဟာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေဖြစ်ပွားနေရာကနေ ငြိမ်းချမ်းရေး ရရှိလာစေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက် ချီတက်နေကြတာ ဖြစ်ပါတယ်။
လမ်းခရီးတချို့ မြို့တွေမှာ အခက်အခဲရှိခဲ့ပေမယ့် နောက်ပိုင်း အဟန့်အတား အနှောင့်အယှက် မရှိသလို ပါဝင်လမ်းလျှောက်တဲ့သူတွေလည်း တိုးလာတယ်လို့ သူက ရှင်းပြပါတယ်။