ဘူးသီးတောင်-မောင်တောကားလမ်းတွင် တရားရုံးထုတ် လုံခြုံရေးယာဉ်တန်း မိုင်းဆွဲခံရ
DVB
·
December 19, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောကားလမ်း လှိုင်ဂူကြီးနဲ့ လှိုင်ဂူငယ် အကြားမှာ ဒီဇင်ဘာ ၁၈ ရက် မနက် ၉ နာရီ ကျော်လောက်က ဘူးသီးတောင်အကျဉ်းထောင်မှ မောင်တောခရိုင်တရားရုံးသို့ ရုံးထုတ်လာတဲ့ကားအတွက် လုံခြုံရေးလိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းခွဲခံရပါတယ်။
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က "မိုင်းပေါက်တာတော့ ဟုတ်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောကြားလို့ သိရတယ်" လို့ အတည်ပြုပြောကြားပြီး မိုင်းပေါက်ကွဲမှုကြောင့် လူတွေ သေဆုံးထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
အဆိုပါ မိုင်းကွဲမှုဖြစ်တဲ့နေရာကို တပ်မတော်က နယ်မြေရှင်းလင်းနေပြီး ဘူးတောင်-မောင်တော အသွားအလာ ယာဉ်ကြီးယာဉ်ငယ်တွေကိုလည်း စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း မောင်တောခရိုင်တရားရုံးထုတ်အပြန် လုံခြုံရေးယာဉ်တန်းကို ဘူးသီးတောင်-မောင်တောလမ်းဘေးမှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေဆုံးဒဏ်ရာရရှိခဲ့ဖူးပါတယ်။
ကောင်းကောင်း