ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော

အကယ်ဒမီထွက် လူငယ်ကစားသမားတွေနဲ့အတူ ယူနိုက်တက်အသင်းကို ဆုဖလားတွေ ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ကွင်းလယ်ကစားသမား တွန်မီနေးက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန်နဲ့ ပွဲစဉ်မှာ အကယ်ဒမီထွက် ကစားသမားတွေ ပါဝင်ကစားခွင့်ရခဲ့တဲ့ ပွဲ ၄၀၀၀ မြောက်ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်မှာပါ။ ယူနိုက်တက်အသင်းက ထူးခြားတဲ့နေရာဖြစ်ပြီး အသင်းကို ပြန်လည်တည်ဆောက်နိုင်တယ် ဆိုတာ အရင်ကတည်းက ပြောကြားခဲ့ဖူးကြောင်း၊ အသင်းတိုင်းမှာ ထိပ်တန်းအဆင့် ကစားသမားတွေရှိဖို့ လိုသလို ထိပ်တန်းအဆင့် လူငယ်တွေလည်းရှိဖို့ လိုကြောင်းနဲ့ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့က အိပ်မက်တခုဖြစ်တယ်လို့ တွန်မီနေးက ပြောပါတယ်။  ယူနိုက်တက်အသင်းရဲ့ အခုနှစ်ရာသီ သွင်းဂိုး ၃၈ ဂိုးထဲမှာ ၃၄ ဂိုးက အကယ်ဒမီထွက် လူငယ်ကစားသမားတွေရဲ့ ဂိုး၊ ဒါမှမဟုတ် ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ အကယ်ဒမီထွက် ကစားသမား ၁၀ ဦးအထိလည်း ဆိုးလ်ရှားက အသင်းကြီးမှာ ပွဲထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up