Home
မြန်မာသတင်း
ကိုကိုးကျွန်းတောင်ဘက်တွင် အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်
DVB
·
November 30, 2019
ရန်ကုန်တိုင်းအတွင်းက ကိုကိုးကျွန်းတောင်ဘက်မှာ  ဒီနေ့မနက် အစောပိုင်းက အင်အား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၀) မိနစ်၊ (၂၀) စက္ကန့်အချိန်က ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်ရဲ့ တောင်ဘက် ၂၆ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ကမ္ဘာအေး မြေငလျင်စခန်းက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့  သပိတ်ကျင်းမြို့က လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတချို့ ထိခိုက်မှု ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024