ရေးမြို့နယ် လူငယ်ရေးရာကော်မတီဖွဲ့စည်း
DVB
·
November 25, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွက် လူငယ်ရေးရာကော်မတီဝင် ၁၅ ဦးကို နိုဝင်ဘာ၂၅ ရက် မနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ရွေးချယ်ခဲ့ပါတယ်။
အနာဂတ်မှာ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အခန်းကဏ္ဍအားလုံးမှာ ဦးဆောင်မှု စွမ်းရည်မြှင့်တင်နိုင်ဖို့နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသားကောင်းလူငယ်တွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး လူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းတာဖြစ်ပါတယ်။
နေမျိုးထွဋ်