မန်ယူ ကွင်းလယ်ကစားသမား မာတစ် အသင်းက ထွက်ခွာမည် 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ဟာ လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ကွင်းလယ်ကစားသမား မာတစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ၅ ပွဲသာကစားခွင့်ရရှိခဲ့ပြီး ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်နဲ့ တွန်မီနေးအတွဲကိုပဲ ပွဲထွက်ကစားစေတာကြောင့် မာတစ်ရဲ့  ပွဲကစားချိန်ဟာလည်း နည်းပါးလာခဲ့တာပါ။ နည်းပြဆိုးလ်ရှားကတော့ အသင်းမှာ ဆက်မကစားဖို့အတွက် မာတစ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မာတစ်ဟာ အခုနှစ်ဘောလုံးရာသီမှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒေါ့မွန် ၊အေစီမီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ မာတစ်ကို ၂၀၁၇ ခုနှစ်က ပေါင်သန်း ၄၀ နဲ့ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up