အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ၃ ဦး ရေပန်းစားနေ

Saul Loeb/AFP via Getty Images, FILE
အမေရိကန် သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ တနှစ်အလိုမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို  ယှဉ်ပြိုင်ဖို့ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း သုံးယောက်က တစ်ပြေးနေပါတယ်။ သူတို့ကတော့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ မန်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ်  အဲလိဇဘတ်ဝါရန်နဲ့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်တို့ပဲ ဖြစ်ပါတယ်။  သမ္မတ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ လအတော်ကြာ  ဂျိုးဘိုင်ဒင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ဒီမိုကရက် သမ္မတလောင်း ရွေးချယ်ပွဲအတွက် ဘိုင်ဒင်က  တစ်ပြေးနေတာပါ။ ဒါပေမယ့်လည်း မကြာသေးခင်ကာလ လူထုသဘောထားစစ်တမ်းမှာ ဝါရန်က ထိပ်ပိုင်း ရောက်လာပြီး သူ့ရဲ့ ရန်ပုံငွေရရှိမှုအပိုင်းဟာ တတိယ သုံးလပတ်မှာတင် အမေရိကန် ဒေါ်လာ ၉ သန်းကျော်နဲ့ ဘိုင်ဒင်ထက် သာလွန်နေပါတယ်။ အမေရိကန်အောက်လွှတ်တော်အမတ် အလက်ဇန်းဒရီးယား အော်ကာစီယို ကော်တက်စ်ကတော့ မကြာသေးခင်ကကျင်းပခဲ့တဲ့  ဘာနီဆန်းဒါးစ် ထောက်ခံပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီထောက်ခံပွဲဟာ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဘာနီဆန်းဒါးစ် နှလုံးရောဂါဖောက်ပြီး သီတင်း ၃ ပတ်အကြာမှာ  ဖြစ်ခဲ့ပါတယ်။  ဆန်းဒါးစ်ဟာ  ဆေးရုံတက် ကုသမှု ခံယူခဲ့ရပြီးသူ့အနေနဲ့  သမ္မတ ထရမ့်ကို စိန်ခေါ်မယ့် ဒီမိုကရက်တစ် သမ္မတလောင်းရွေးပွဲမှာ ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတဲ့  စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up