သူ့စက်ဘီးထိုင်ခုံ အခိုးခံရသဖြင့် စက်ဘီးထိုင်ခုံ ၁၆၀ ခန့် ပြန်ခိုး၍ လက်စားချေသည့် အဘိုးအို

သူ့စက်ဘီးထိုင်ခုံအခိုးခံခဲ့ရတာကြောင့် လက်စားချေတဲ့အနေနဲ့ စက်ဘီးထိုင်ခုံ ၁၆၀ နီးပါးကိုခိုးယူခဲ့တဲ့ ဂျပန်နိုင်ငံက ထူးထူးဆန်းဆန်းခိုးမှုတခုကို တိုကျိုရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။  ဒီဖြစ်ရပ်မှာ ကျူးလွန်သူဟာ အသက် ၆၁ နှစ်အရွယ်အမျိုးသားတဦးဖြစ်ပြီး သူ့စက်ဘီးထိုင်ခုံ ဖြုတ်ခိုးခံလိုက်ရတာက သူ့ကိုဒီလိုမျိုး ထူးထူးဆန်းဆန်းပြစ်မှု ကျူးလွန်ဖို့ ဖြစ်စေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  အသက် ၆၁ နှစ်အရွယ် အကီအို ဟာတိုရီရဲ့ စက်ဘီးထိုင်ခုံကို ၂၀၁၈ နွေဦးရာသီက တစ်စုံတစ်ယောက်က ချွတ်ယူသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အကီအို ဟာတိုရီဟာ တော်တော်လေးကို စိတ်ပျက်ဒေါသထွက်ခဲ့ရပြီး အခိုးခံလိုက်ရတဲ့ ထိုင်ခုံအစားအသစ်တခုကို ပြန်ဝယ်ခဲ့ရပါတယ်။  ဒါပေမယ့် အကီအို ဟာတိုရီဟာ ဒီဖြစ်ရပ်ကို ရဲတိုင်ရမယ့်အစား သူများစက်ဘီးတွေက ထိုင်ခုံတွေကို လိုက်ခိုးပြီး သူခံစားခဲ့ရသလို တခြားသူတွေ ခံစားရစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်ကစလို့ အကီအို ဟာတိုရီဟာ သူများတွေရဲ့ စက်ဘီးထိုင်ခုံတွေကို လိုက်ခိုးခဲ့ပြီးနောက် မကြာသေးခင်က အဖမ်းခံလိုက်ရပါတယ်။  ထိုင်ခံအခိုးခံရသူတွေထဲက တဦးက ဒီဖြစ်ရပ်ကိုရဲတိုင်ခဲ့ပြီး စီစီတီဗွီစစ်ဆေးချက်တွေမှာ စက်ဘီးထိုင်ခုံချွတ်ယူနေတဲ့ အကီအို ဟာတိုရီရဲ့ ပုံရိပ်တွေကို ရဲတပ်ဖွဲ့က တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒီအဘိုးအိုရဲ့ အိမ်ကိုသွားရောက်ရှာဖွေခဲ့ပြီး အဲ့ဒီကိုရောက်တော့ မထင်မှတ်ထားတာတွေကိုမြင်တွေ့ခဲ့ရပါတယ်။  ရဲတပ်ဖွဲ့က တိုင်ကြားထားတဲ့ စက်ဘီးထိုင်ခုံတခိကို သိမ်းဆည်းဖို့သွားခဲ့ပေမယ့် အကီအိုရဲ့ အိမ်ရောက်တော့ အဲ့ဒီထိုင်ခုံအပြင် နောက်ထပ် စက်ဘီးထိုင်ခုံပေါင်း ၁၅၀ ကျော်ကိုပါ ရှာ တွေ့ခဲ့ပါတယ်။  မေးမြန်းမှုတွေလုပ်တဲ့အခါမှာ သူ့ထိုင်ခံပျောက်တုန်းက ခံစားရသလို တခြားလူတွေလည်း ခံစားရစေဖို့ ဒီလိုခိုးရတာလို့ အကီအိုကဝန်ခံပြီး ဒီဖြစ်ရပ်က ဂျပန်နိုင်ငံတဝန်းလုံးကို အံ့အားသင့်စေခဲ့ပါတယ်။  လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့က အကီအိုဟာတိုရီကို ထိန်းသိမ်းထားပြီး သူ့ရဲ့ရုံးတင်စစ်ဆေးမှုကို မကြာခင် စတင်တော့မှာပဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up