Home
မြန်မာသတင်း
ထပ်တိုးသီးနှံ ၁၆ မျိုးအပါအဝင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ပေး
ပိုင်စိုး
·
October 12, 2019
အခု ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအတွက် အရင်ပေးနေကျ သီးနှံတွေအတွက်အပြင် နောက်ထပ် သီးနှံ ၁၆ မျိုးအတွက်ပါ ချေးငွေတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ လက်ရှိ ချေးပေးနေတာကတော့ စပါးအတွက် တဧကကို ကျပ် ၁၅၀,၀၀၀ နှုန်း၊ တခြားသီးနှံတွေနဲ့ ချက်ကြံအတွက် တဧကကို ကျပ်တသိန်းနှုန်း ဖြစ်ပါတယ်။ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ၇ မူရင်းကို အပေါင်အဖြစ်ထားပြီး တောင်သူတဦးချင်း အာမခံစနစ်နဲ့ ချေးယူနိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအပါအဝင် သီးနှံ ၁၄ မျိုးအတွက် ချေးပေးခဲ့တာ ဖြစ်ပြီး အခုနှစ်မှာတော့ ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ၊ ပန်းနှမ်း၊ နေကြာ၊ ကြက်သွန်နီ၊ ငရုတ် စတဲ့ ပြည်ပပို့ကုန်နဲ့ ပြည်တွင်းမှာ စားသုံးတာများတဲ့ တခြားသီးနှံ ၈ မျိုးအတွက်ပါ တိုးချဲ့ချေးပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ အရင်နှစ်တွေက ဆောင်းချေးငွေကို ဇွန်လကုန်မှာ နောက်ဆုံးထား ဆပ်ခဲ့ရပေမယ့် တောင်သူတွေ အဆင်ပြေစေဖို့ အခုနှစ်မှာတော့ စက်တင်ဘာ ၁၅ ရက်ကို သတ်မှတ်ထားပါတယ်။ ဆောင်းချေးငွေကို အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေကာလ ၁၁ လလောက်ဖြစ်လို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ မိုးကြိုချေးငွေကိုတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းကနေ မတ်လကုန်အထိ ချေးပေးမှာ ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလကုန်မှာ နောက်ဆုံးထား ပြန်ဆပ်ရမှာပါ။ မိုးချေးငွေကတော့ ၂၀၂၀ ပြည့်နှစ် မေလဆန်းကနေ စက်တင်ဘာလကုန်အထိ ချေးပေးမှာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထား ဆပ်ရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024