တောင်ကိုရီးယား ဆိပ်ကမ်းတခုတွင် ရေနံတင်သင်္ဘော ၂ စီးမီးလောင်၊ ၁၈ ဦး ဒဏ်ရာရ(ရုပ်သံ)

တောင်ကိုရီးယား နိုင်ငံထဲက ရေနံတင်သင်္ဘော ၂ စီး စက်တင်ဘာ ၂၈ ရက်က မီးလောင်လို့ လူ ၁၈ ယောက် ဒဏ်ရာရပါတယ်။ ကား ၂ စီး တံတားပေါ်က ဖြတ်မောင်းချိန်မှာ ရေနံတင်သင်္ဘော ပေါက်ကွဲခဲ့လို့ မီးတောက်တွေကြားကနေ သီသီလေးလွတ်သွားပုံကို ကားတစီးမှာ တပ်ထားတဲ့ လုံခြုံရေးကင်မရာက ရိုက်ကူးနိုင်ခဲ့တာပါ။ ကေးမန်းကျွန်းရဲ့အလံကို လွှင့်ထားပြီး တန်ချိန် ၂ သောင်းခွဲရှိတဲ့ ရေနံတင်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူလ်ဆန်မြို့ ဆိပ်ကမ်းမှာ ကပ်ထားချိန် ပေါက်ကွဲခဲ့တာလို့ ကမ်းခြေစောင့်တပ်က အရာရှိတယောက်က ပြောပါတယ်။ ပေါက်ကွဲချိန်မှာ ရုရှားနဲ့ ဖိလစ်ပိုင် လူမျိုးတွေအပါအဝင် သင်္ဘောသား ၂၅ ယောက် သင်္ဘောပေါ်မှာ ရှိနေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ မီးဟာ အနားမှာကျောက်ချထားတဲ့ တန်ကိုးထောင်ရှိတဲ့ ရေနံတင်သင်္ဘောဆီကိုပါ ကူးစက် လောင်ကျွမ်းခဲ့တာပါ။ အဲဒီ သင်္ဘောပေါ်မှာ တောင်ကိုရီးယား အလံလွှင့်ထူထားပြီး လူ ၂၁ ယောက် သင်္ဘောပေါ်မှာ ရှိနေခဲ့ပါတယ်။ ဆိပ်ကမ်းမှာရှိတဲ့ ဒဏ်ရာရအလုပ်သမား ၁၀ ယောက်ကလွဲလို့ ကျန်တဲ့ သင်္ဘော ၂ စီးလုံးပေါ်က သင်္ဘောသားအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရ ၁၀ ယောက်မှာ ၉ ယောက်က တောင်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး တယောက်ကတော့ အိန္ဒိယနိုင်ငံသား ဖြစ်ပါတယ်။ =============== ေတာင္ကိုရီးယား ဆိပ္ကမ္းတခုတြင္ ေရနံတင္သေဘၤာ ၂ စီးမီးေလာင္၊ ၁၈ ဦး ဒဏ္ရာရ(႐ုပ္သံ) DVB ေတာင္ကိုရီးယား ႏိုင္ငံထဲက ေရနံတင္သေဘၤာ ၂ စီး စက္တင္ဘာ ၂၈ ရက္က မီးေလာင္လို႔ လူ ၁၈ ေယာက္ ဒဏ္ရာရပါတယ္။ ကား ၂ စီး တံတားေပၚက ျဖတ္ေမာင္းခ်ိန္မွာ ေရနံတင္သေဘၤာ ေပါက္ကြဲခဲ့လို႔ မီးေတာက္ေတြၾကားကေန သီသီေလးလြတ္သြားပုံကို ကားတစီးမွာ တပ္ထားတဲ့ လုံၿခဳံေရးကင္မရာက ႐ိုက္ကူးႏိုင္ခဲ့တာပါ။ ေကးမန္းကြၽန္းရဲ႕အလံကို လႊင့္ထားၿပီး တန္ခ်ိန္ ၂ ေသာင္းခြဲရွိတဲ့ ေရနံတင္သေဘၤာဟာ ေတာင္ကိုရီးယားႏိုင္ငံေတာင္ပိုင္း အူလ္ဆန္ၿမိဳ႕ ဆိပ္ကမ္းမွာ ကပ္ထားခ်ိန္ ေပါက္ကြဲခဲ့တာလို႔ ကမ္းေျခေစာင့္တပ္က အရာရွိတေယာက္က ေျပာပါတယ္။ ေပါက္ကြဲခ်ိန္မွာ ႐ုရွားနဲ႔ ဖိလစ္ပိုင္ လူမ်ိဳးေတြအပါအဝင္ သေဘၤာသား ၂၅ ေယာက္ သေဘၤာေပၚမွာ ရွိေနခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက အစီရင္ခံပါတယ္။ မီးဟာ အနားမွာေက်ာက္ခ်ထားတဲ့ တန္ကိုးေထာင္ရွိတဲ့ ေရနံတင္သေဘၤာဆီကိုပါ ကူးစက္ ေလာင္ကြၽမ္းခဲ့တာပါ။ အဲဒီ သေဘၤာေပၚမွာ ေတာင္ကိုရီးယား အလံလႊင့္ထူထားၿပီး လူ ၂၁ ေယာက္ သေဘၤာေပၚမွာ ရွိေနခဲ့ပါတယ္။ ဆိပ္ကမ္းမွာရွိတဲ့ ဒဏ္ရာရအလုပ္သမား ၁၀ ေယာက္ကလြဲလို႔ က်န္တဲ့ သေဘၤာ ၂ စီးလုံးေပၚက သေဘၤာသားအားလုံးကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ပါတယ္။ ဒဏ္ရာရ ၁၀ ေယာက္မွာ ၉ ေယာက္က ေတာင္ကိုရီးယား ႏိုင္ငံသားေတြျဖစ္ၿပီး တေယာက္ကေတာ့ အိႏၵိယႏိုင္ငံသား ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up