တရားဥပဒေစိုးမိုးရေးကော်မတီကို တိုင်စာ ၂၅၀၀ ကျော်ရောက်ပြီ
DVB
·
January 1, 2013
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို ပြည်သူတွေဆီကနေ တိုင်ကြားစာ စုစုပေါင်း ၂၅၀၀ ကျော် ရောက်လာပြီလို့ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
အဲဒီ တိုင်စာတွေထဲမှာ လယ်ယာမြေ အသိမ်းခံရတဲ့ တိုင်စာတွေက အများဆုံးဖြစ်ပြီး တရားရုံးက တရားရေးဝန်ထမ်းတွေ လာဘ်စားလို့ တိုင်တာတွေက ဒုတိယ အများဆုံးဖြစ်တယ်လို့ ပြောပြပါတယ်။ သူတို့ဆီ ရောက်လာတဲ့ တိုင်စာတွေနဲ့ ပတ်သက်လို့ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ သက်ဆိုင်ရာ ကော်မတီတွေဆီကို ထပ်မံခွဲဝေပေးပြီး ကိုင်တွယ်ဆောင်ရွက်စေတယ်လို့ ရှင်းပြပါတယ်။
သူတို့ကော်မတီအနေနဲ့ကတော့ တရားရုံးတွေကို လိုက်လံစစ်ဆေးတာ အဓိက လုပ်နေပြီး အခုနောက်ပိုင်း တရားရုံးတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရပ်တန့်သလောက် နီးပါး ဖြစ်နေပြီလို့ ပြည်သူတွေရဲ့ ပြော စကားတွေကို ကိုးကားပြီး သူက ရှင်းပြပါတယ်။