Home
မြန်မာသတင်း
နှစ် ၁၀၀ ပြည့်တော့မည့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကို မူလလက်ရာမပျက် ပြုပြင်မွမ်းမံမည်
DVB
·
September 29, 2019
နှစ်တစ်ရာပြည့်ခါနီး မန္တလေးတက္ကသိုလ်ရဲ့ ပင်မဆောင်ကို အဆင့်မြင့်နည်းပညာတွေနဲ့ ပြန်လည်ပြုပြင်မွမ်းမံဖို့ ဆောင်ရွက်နေတယ်လို မန္တလေးတက္ကသိုလ်ကနေ သိရပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ စီစဉ်ထားတယ်လို့ မန္တလေးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပါတယ်။ “အဓိကကတော့ ဆရာတို့ မန္တလေးတက္ကသိုလ် ဆိုတာကလည်း နှစ်တစ်ရာ ပြည့်တော့မှာ ဖြစ်တဲ့အတွက် ဘာပဲပြောပြော Heritage တခုအနေနဲ့ ပြဖို့တော့ ဂရုစိုက်ပြီးတော့ လုပ်ရမှာဖြစ်တဲ့အတွက် နောက်နောင် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြုပြင်မွမ်းမံပြင်ဆင်တာနဲ့ ပတ်သက်လို့ ဒီကုမ္ပဏီဘက်ကလည်း သူတို့က ဘာလုပ်ပေးမလဲဆိုရင် အများသိအောင်လည်း ပြောပြမယ်၊ နောက်ဆုံး မီဒီယာတွေ ဒါနဲ့ပတ်သက်ပြီး သိချင်တယ်ဆိုခဲ့လို့ရှိရင်လည်း အဲဒီကုမ္ပဏီရဲ့ သက်ဆိုင်ရာ အကြီးအကဲကို အားလုံးမေးလို့ရတယ်။ သူ့ကို တိုက်ရိုက်မေးမြန်းလို့ ရနိုင်ပါတယ်လို့လည်း ဆရာတို့ ပြောထားတာ ရှိပါတယ်”  ပြင်ဆင်ရာမှာ မပြင်ခင် မူလအဆောက်အဦ ပင်မဆောင်တခုလုံးကို Digital နည်းပညာနဲ့ မှတ်တမ်းတင်ဖို့အတွက် ကုမ္ပဏီတခုက တာဝန်ရှိသူတွေထံ ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။ "မပြင်ခင် လက်ရှိ အခြေအနေတွေ အားလုံးကို မှတ်တမ်းထားမယ်ပေါ့၊ အကုန်လုံးကို ထားမယ်၊ အဲဒါလေးကို လုပ်ပေးဖို့ဆိုတာကတော့ တင်ပြလာတာတခုရှိတယ်၊ အဲဒါလေးက သူတို့ အချိန်နည်းနည်းယူမယ်၊ အဲဒီဟာတွေ ရလာခဲ့ပြီဆိုခဲ့ရင် အဲဒီ Digital Recordingနဲ့ မူတည်ပြီးတော့မှ ကုမ္ပဏီတွေက ဆက်လုပ်သွားမယ်။ အဲ့ဒီအခါကျရင် အဲဒီမှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာရှိတဲ့အတွက် သူတို့မပြင်ခင်က အနေအထားရယ်၊  ပြင်နေတဲ့အချိန်ရယ်၊ ပြင်ပြီးတဲ့ အနေအထားရယ်ကို ကွာခြားချက်တွေ ရှိလာသလား၊ မူလက်ရာ ထိခိုက်မထိခိုက်ပေါ့၊ ဒါတွေပါ Check လို့ ရမယ်ပေါ့။”  ကုန်ကျစရိတ်နဲ့ ပြင်ဆင်ဖို့ ကြာမြင့်ချိန်ကိုတော့ မသိသေးဘူးလို့လည်း သူက ပြောပါတယ်။ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ တင်ဒါအောင်ထားတဲ့ အောင်ပြည်တန်ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မယ့်  နည်းစနစ်တွေ၊ လုပ်ငန်းမှာ အသုံးပြုမယ့် လုပ်ငန်းသုံးပစ္စည်းတွေကို ရှင်းလင်းတင်ပြတာတွေ၊ လုပ်ငန်းဆောင်ရွက်ပုံကို လက်တွေ့ပြသတာတွေကို စက်တင်ဘာ ၂၆ ရက်နေ့က မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ရုံးအစည်းအဝေးခန်းမမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ႏွစ္ ၁၀၀ ျပည့္ေတာ့မည့္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္ကို မူလလက္ရာမပ်က္ ျပဳျပင္မြမ္းမံမည္ ႏွစ္တစ္ရာျပည့္ခါနီး မႏၲေလးတကၠသိုလ္ရဲ႕ ပင္မေဆာင္ကို အဆင့္ျမင့္နည္းပညာေတြနဲ႔ ျပန္လည္ျပဳျပင္မြမ္းမံဖို႔ ေဆာင္႐ြက္ေနတယ္လို မႏၲေလးတကၠသိုလ္ကေန သိရပါတယ္။ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေဆာင္႐ြက္မွာျဖစ္ၿပီး လုပ္ငန္းေဆာင္႐ြက္ရာမွာ ပြင့္လင္းျမင္သာမႈရွိဖို႔ စီစဥ္ထားတယ္လို႔ မႏၲေလးတကၠသိုလ္ရဲ႕ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္က ေျပာပါတယ္။ “အဓိကကေတာ့ ဆရာတို႔ မႏၲေလးတကၠသိုလ္ ဆိုတာကလည္း ႏွစ္တစ္ရာ ျပည့္ေတာ့မွာ ျဖစ္တဲ့အတြက္ ဘာပဲေျပာေျပာ Heritage တခုအေနနဲ႔ ျပဖို႔ေတာ့ ဂ႐ုစိုက္ၿပီးေတာ့ လုပ္ရမွာျဖစ္တဲ့အတြက္ ေနာက္ေနာင္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္ ျပဳျပင္မြမ္းမံျပင္ဆင္တာနဲ႔ ပက္သက္လို႔ ဒီကုမၸဏီဘက္ကလည္း သူတို႔က ဘာလုပ္ေပးမလဲဆိုရင္ အမ်ားသိေအာင္လည္း ေျပာျပမယ္၊ ေနာက္ဆုံး မီဒီယာေတြ ဒါနဲ႔ပတ္သက္ၿပီး သိခ်င္တယ္ဆိုခဲ့လို႔ရွိရင္လည္း အဲဒီကုမၸဏီရဲ႕ သက္ဆိုင္ရာ အႀကီးအကဲကို အားလုံးေမးလို႔ရတယ္။ သူ႔ကို တိုက္႐ိုက္ေမးျမန္းလို႔ ရႏိုင္ပါတယ္လို႔လည္း ဆရာတို႔ ေျပာထားတာ ရွိပါတယ္” ျပင္ဆင္ရာမွာ မျပင္ခင္ မူလအေဆာက္အဦ ပင္မေဆာင္တခုလုံးကို Digital နည္းပညာနဲ႔ မွတ္တမ္းတင္ဖို႔အတြက္ ကုမၸဏီတခုက တာဝန္ရွိသူေတြထံ ကမ္းလွမ္းထားတယ္လို႔လည္း ဆိုပါတယ္။ "မျပင္ခင္ လက္ရွိ အေျခအေနေတြ အားလုံးကို မွတ္တမ္းထားမယ္ေပါ့၊ အကုန္လုံးကို ထားမယ္၊ အဲဒါေလးကို လုပ္ေပးဖို႔ဆိုတာကေတာ့ တင္ျပလာတာတခုရွိတယ္၊ အဲဒါေလးက သူတို႔ အခ်ိန္နည္းနည္းယူမယ္၊ အဲဒီဟာေတြ ရလာခဲ့ၿပီဆိုခဲ့ရင္ အဲဒီ Digital Recordingနဲ႔ မူတည္ၿပီးေတာ့မွ ကုမၸဏီေတြက ဆက္လုပ္သြားမယ္။ အဲ့ဒီအခါက်ရင္ အဲဒီမွတ္တမ္းမွတ္ရာ ခိုင္ခိုင္မာမာရွိတဲ့အတြက္ သူတို႔မျပင္ခင္က အေနအထားရယ္၊  ျပင္ေနတဲ့အခ်ိန္ရယ္၊ ျပင္ၿပီးတဲ့ အေနအထားရယ္ကို ကြာျခားခ်က္ေတြ ရွိလာသလား၊ မူလက္ရာ ထိခိုက္မထိခိုက္ေပါ့၊ ဒါေတြပါ Check လို႔ ရမယ္ေပါ့။” ကုန္က်စရိတ္နဲ႔ ျပင္ဆင္ဖို႔ ၾကာျမင့္ခ်ိန္ကိုေတာ့ မသိေသးဘူးလို႔လည္း သူက ေျပာပါတယ္။ မႏၲေလးတကၠသိုလ္ ပင္မေဆာင္ျပဳျပင္မြမ္းမံျခင္းလုပ္ငန္းေတြကို ေဆာင္႐ြက္ဖို႔ တင္ဒါေအာင္ထားတဲ့ ေအာင္ျပည္တန္ကုမၸဏီရဲ႕ လုပ္ငန္းေဆာင္႐ြက္မယ့္  နည္းစနစ္ေတြ၊ လုပ္ငန္းမွာ အသုံးျပဳမယ့္ လုပ္ငန္းသုံးပစၥည္းေတြကို ရွင္းလင္းတင္ျပတာေတြ၊ လုပ္ငန္းေဆာင္႐ြက္ပုံကို လက္ေတြ႕ျပသတာေတြကို စက္တင္ဘာ ၂၆ ရက္ေန႔က မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္႐ုံးအစည္းအေဝးခန္းမမွာ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024