Home
မြန်မာသတင်း
ကျောက်မျက်ပြပွဲကို မှတ်ပုံတင်အတုဖြင့် ဝင်ရောက်ရန်ကြိုးစားသည့် တရုတ်နိုင်ငံသား ၃ ဦးဖမ်းမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 19, 2019
နေပြည်တော်မှာ စက်တင်ဘာ ၁၈ ရက်က ကျင်းပတဲ့ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲရဲ့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်အတုနဲ့ ဝင်ရောက်ဖို့ ကြံစည်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “အဲ့ဒီသတင်းလေးကိုရတယ် ပြန်စိစစ်နေတယ်။ သူတို့က ဘယ်က ဒီနိုင်ငံသားလက်မှတ် အတုတွေကို ကတ်ပြားတွေကိုရရှိတာလဲ၊ ပြီးရင် ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမယ်။ သိရဲ့သားနဲ့ဆောင်ရွက်တာလား၊ မသိပဲနဲ့ ဆောင်ရွက်တာလား၊ ဒါကို စိစစ်ပြီး ဥပဒေနဲ့ အညီပဲ ဆောင်ရွက်သွားမှာပါ”လို့ ပြောပါတယ်။ တရုတ်နိုင်ငံသား ၃ ဦးဟာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ကွေ့ဖိန်မြို့မှာနေထိုင်သူတွေ ဖြစ်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ပြည်တွင်းကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဝင်ရောက်လာတာကြောင့် သက်ဆိုင်ရာ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ တို့နဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။ ကျောက်မျက်ရတနာပြပွဲကတော့ စက်တင်ဘာလ ၁၆ ရက်ကနေ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ေက်ာက္မ်က္ျပပြဲကို မွတ္ပုံတင္အတုျဖင့္ ဝင္ေရာက္ရန္ႀကိဳးစားသည့္ တ႐ုတ္ႏိုင္ငံသား ၃ ဦးဖမ္းမိ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္) ေနျပည္ေတာ္မွာ စက္တင္ဘာ ၁၈ ရက္က က်င္းပတဲ့ ႏွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲရဲ႕ စစ္ေဆးေရးဂိတ္မွာ မွတ္ပုံတင္အတုနဲ႔ ဝင္ေရာက္ဖို႔ ႀကံစည္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ဖမ္းဆီးမိခဲ့ပါတယ္။ အလုပ္သမား လူဝန္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက “အဲ့ဒီသတင္းေလးကိုရတယ္ ျပန္စိစစ္ေနတယ္။ သူတို႔က ဘယ္က ဒီႏိုင္ငံသားလက္မွတ္ အတုေတြကို ကတ္ျပားေတြကိုရရွိတာလဲ၊ ၿပီးရင္ ဥပေဒနဲ႔အညီ ဆက္ၿပီးေတာ့ ဆက္လက္ ေဆာင္႐ြက္သြားမယ္။ သိရဲ႕သားနဲ႔ေဆာင္႐ြက္တာလား၊ မသိပဲနဲ႔ ေဆာင္႐ြက္တာလား၊ ဒါကို စိစစ္ၿပီး ဥပေဒနဲ႔ အညီပဲ ေဆာင္႐ြက္သြားမွာပါ”လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံသား ၃ ဦးဟာ တ႐ုတ္ႏိုင္ငံ ကြမ္ရွီးျပည္နယ္ ေကြ႕ဖိန္ၿမိဳ႕မွာေနထိုင္သူေတြ ျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္နဲ႔ ျပည္တြင္းကို ဝင္ေရာက္လာတာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီလို ဝင္ေရာက္လာတာေၾကာင့္ သက္ဆိုင္ရာ ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ တို႔နဲ႔ အမႈဖြင့္ေဆာင္႐ြက္ေနပါတယ္။ ေက်ာက္မ်က္ရတနာျပပြဲကေတာ့ စက္တင္ဘာလ ၁၆ ရက္ကေန စက္တင္ဘာလ ၂၅ ရက္ေန႔အထိ က်င္းပမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024