Home
မြန်မာသတင်း
အမျိုးသမီးနှင့် ကလေးအခွင့်အရေးကော်မတီကို အမျိုးသမီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်မှုကြောင့် ဖွဲ့စည်းနိုင်
DVB
·
September 16, 2019
မွန်ပြည်နယ်လွှတ်တော်မှာ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ခဲ့တာဟာ အမျိုးသမီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူနေတာကြောင့် ဖြစ်တယ်လို့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။  မွန်ပြည်နယ် လွှတ်တော်ရဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း မွန်ပြည်နယ်လွှတ်တော် သက်တမ်း တနှစ်ကျော်မှာပဲ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီကို ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တွေအားလုံးထဲမှာ ပထမဆုံးကော်မတီအဖြစ် ဖွဲ့စည်းနိုင်ခဲ့တာပါ။ သထုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “အခုဆိုရင် ကျမတို့ လွှတ်တော်ဥက္ကဋ္ဌကြီးဆို အမျိုးသမီး ဖြစ်ပါတယ်။ အမျိုးသားဥက္ကဋ္ဌတွေနဲ့ ဘာကွာလဲလို့ မေးရင် ကျမ ဂုဏ်ယူစွာနဲ့ ပြောနိုင်တဲ့ တချက်ရှိပါတယ်။ မွန်ပြည်နယ်ဟာ ပထမဆုံး အမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာ ကော်မတီဖွဲ့တဲ့ ပြည်နယ်ဖြစ်ပါတယ်။ အဲ့ဒါကိုက အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်နေလို့ပါပဲ။ ကျမ အမျိုးသား ဥက္ကဋ္ဌကြီးကို သွားပြော ကျမ ပြောခွင့်မရှိပါဘူး။ ကော်မတီဖွဲ့တယ်ဆိုတာ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဥက္ကဋ္ဌက လိုအပ်တယ်။ အမျိုးသမီးတွေအတွက် လိုအပ်တယ်လို့ ဘာလို့ပြောလဲ။ အမျိုးသမီး လိုအပ်ချက်ကို သိနေတဲ့ သူအမျိုးသမီးဖြစ်နေလို့။” လို့ပြောပါတယ်။  လက်ရှိ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ အပါအဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၆ ဦးထိ ရှိနေပါတယ်။  လတ်တလော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ စွမ်းရည်ရှိတဲ့ အမျိုးသမီးတွေကို နေရာပေးဖို့နဲ့ ပါဝင်နေဖို့ လိုအပ်တယ်ဆိုတဲ့အရေးကို မွန်ပြည်နယ် သထုံမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ခုလို ထင်သာအောင် ပြောလိုက်တာ ဖြစ်ပါတယ်။  မွန်ပြည်နယ် လွှတ်တော်ဒုတိယသက်တမ်း တစ်နှစ်ကျော် ၂၀၁၇ ခုနှစ် မေလ အတွင်းမှာပဲ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့တာပါ။  ကော်မတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်ခိုင်ခိုင်လဲ့က “ ကော်မတီရဲ့ ဆောင်ရွက်ချက်က ဥပဒေပါ ရပိုင်ခွင့်တွေမရဘူး နစ်နာနေတယ် ဆိုလို့ရှိရင် ကျမတို့က ကူညီပေးတယ်။ ဒုတိယအချက်က ကုစားမှုအပိုင်းကို နိုင်သလောက် ဆောင်ရွက်ပေးတယ်။ ဒီအပိုင်းမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်လေးတွေ ရှိတယ်။ ဒါကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာရော လုပ်ဆောင်နေစဉ်ကာလမှာ ဆောင်ရွက်ရမယ့်ဟာတွေရော လူမှုဝန်ထမ်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ နောက်တခုက  ပညာပေးတဲ့ အပိုင်းကို လုပ်တယ်” လို့လည်း ပြောပါတယ်။ မွန်ပြည်နယ် လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို သထုံမဲဆန္ဒ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ဥက္ကဋ္ဌတာဝန်ယူပြီး အဖွဲ့ဝင် (၁၃) ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီကော်မတီမှာ ဥပဒေချုပ်၊ လူကုန်တားရဲတပ်ဖွဲ့၊ လူကယ်ပြန်ဌာနနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင်ဖွဲ့စည်းထားပြီး အမျိုးသမီးအရေးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဆိုပြီး လိပ်မူတိုင်ကြားနိုင်ပါတယ်။ ဒီကော်မတီအနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ အခြေခံရပိုင်ခွင့် ရှိတဲ့ ဥပဒေပါ အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေကို ကော်မတီနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ယူဆောင်ရွက်နေကြသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရတဲ့ ကော်မတီ ဖြစ်ပါတယ်။ သတင်း- မင်းရဲစစ်နိုင် ============================== အမ်ိဳးသမီးႏွင့္ ကေလးအခြင့္အေရးေကာ္မတီကို အမ်ိဳးသမီးလႊတ္ေတာ္ ဥကၠ႒ ဦးေဆာင္မႈေၾကာင့္ ဖြဲ႕စည္းႏိုင္ မင္းရဲစစ္ႏိုင္ မြန္ျပည္နယ္လႊတ္ေတာ္မွာ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီဖြဲ႕စည္းႏိုင္ခဲ့တာဟာ အမ်ိဳးသမီး ျပည္နယ္လႊတ္ေတာ္ဥကၠ႒ တာဝန္ယူေနတာေၾကာင့္ ျဖစ္တယ္လို႔  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေျပာပါတယ္။ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း မြန္ျပည္နယ္လႊတ္ေတာ္ သက္တမ္း တႏွစ္ေက်ာ္မွာပဲ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီကို ျပည္နယ္နဲ႔တိုင္းေဒသႀကီး လႊတ္ေတာ္ေတြအားလုံးထဲမွာ ပထမဆုံးေကာ္မတီအျဖစ္ ဖြဲ႕စည္းႏိုင္ခဲ့တာပါ။ သထုံမဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က “အခုဆိုရင္ က်မတို႔ လႊတ္ေတာ္ဥကၠ႒ႀကီးဆို အမ်ိဳးသမီး ျဖစ္ပါတယ္။ အမ်ိဳးသားဥကၠ႒ေတြနဲ႔ ဘာကြာလဲလို႔ ေမးရင္ က်မ ဂုဏ္ယူစြာနဲ႔ ေျပာႏိုင္တဲ့ တခ်က္ရွိပါတယ္။ မြန္ျပည္နယ္ဟာ ပထမဆုံး အမ်ိဳးသမီးနဲ႔ကေလးသူငယ္ဆိုင္ရာ ေကာ္မတီဖြဲ႕တဲ့ ျပည္နယ္ျဖစ္ပါတယ္။ အဲ့ဒါကိုက အမ်ိဳးသမီး ဥကၠ႒ ျဖစ္ေနလို႔ပါပဲ။ က်မ အမ်ိဳးသား ဥကၠ႒ႀကီးကို သြားေျပာ က်မ ေျပာခြင့္မရွိပါဘူး။ ေကာ္မတီဖြဲ႕တယ္ဆိုတာ ဥကၠ႒ရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ ဥကၠ႒က လိုအပ္တယ္။ အမ်ိဳးသမီးေတြအတြက္ လိုအပ္တယ္လို႔ ဘာလို႔ေျပာလဲ။ အမ်ိဳးသမီး လိုအပ္ခ်က္ကို သိေနတဲ့ သူအမ်ိဳးသမီးျဖစ္ေနလို႔။” လို႔ေျပာပါတယ္။ လက္ရွိ မြန္ျပည္နယ္ လႊတ္ေတာ္မွာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ေဒၚတင္အိ အပါအဝင္ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ ၆ ဦးထိ ရွိေနပါတယ္။ လတ္တေလာ ျပည္တြင္းၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာမွာ စြမ္းရည္ရွိတဲ့ အမ်ိဳးသမီးေတြကို ေနရာေပးဖို႔နဲ႔ ပါဝင္ေနဖို႔ လိုအပ္တယ္ဆိုတဲ့အေရးကို မြန္ျပည္နယ္ သထုံမဲဆႏၵနယ္ ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ခုလို ထင္သာေအာင္ ေျပာလိုက္တာ ျဖစ္ပါတယ္။ မြန္ျပည္နယ္ လႊတ္ေတာ္ဒုတိယသက္တမ္း တစ္ႏွစ္ေက်ာ္ ၂၀၁၇ ခုႏွစ္ ေမလ အတြင္းမွာပဲ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီကို ဖြဲ႕စည္းႏိုင္ခဲ့တာပါ။ ေကာ္မတီရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဒၚခိုင္ခိုင္လဲ့က “ ေကာ္မတီရဲ႕ ေဆာင္႐ြက္ခ်က္က ဥပေဒပါ ရပိုင္ခြင့္ေတြမရဘူး နစ္နာေနတယ္ ဆိုလို႔ရွိရင္ က်မတို႔က ကူညီေပးတယ္။ ဒုတိယအခ်က္က ကုစားမႈအပိုင္းကို ႏိုင္သေလာက္ ေဆာင္႐ြက္ေပးတယ္။ ဒီအပိုင္းမွာ အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးငယ္ေလးေတြ ရွိတယ္။ ဒါကို သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ လုပ္ေဆာင္ေနစဥ္ကာလမွာ ေဆာင္႐ြက္ရမယ့္ဟာေတြေရာ လူမႈဝန္ထမ္းနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးတယ္။ ေနာက္တခုက  ပညာေပးတဲ့ အပိုင္းကို လုပ္တယ္” လို႔လည္း ေျပာပါတယ္။ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီကို သထုံမဲဆႏၵ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ ဥကၠ႒တာဝန္ယူၿပီး အဖြဲ႕ဝင္ (၁၃) ဦးနဲ႔စတင္ဖြဲ႕စည္းခဲ့ပါတယ္။ အဲ့ဒီေကာ္မတီမွာ ဥပေဒခ်ဳပ္၊ လူကုန္တားရဲတပ္ဖြဲ႕၊ လူကယ္ျပန္ဌာနနဲ႔ အလုပ္သမားေရးရာဝန္ႀကီးဌာနနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြ ပူးေပါင္း ပါဝင္ဖြဲ႕စည္းထားၿပီး အမ်ိဳးသမီးအေရးနဲ႔ ကေလးသူငယ္ဆိုင္ရာ အခြင့္အေရးကိစၥေတြနဲ႔ပတ္သက္ၿပီး မြန္ျပည္နယ္လႊတ္ေတာ္ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီ ဥကၠ႒ ဆိုၿပီး လိပ္မူတိုင္ၾကားႏိုင္ပါတယ္။ ဒီေကာ္မတီအေနနဲ႔ အမ်ိဳးသမီးေတြနဲ႔ ကေလးသူငယ္ေတြရဲ႕ အေျခခံရပိုင္ခြင့္ ရွိတဲ့ ဥပေဒပါ အခြင့္အေရး ဆုံးရႈံးနစ္နာမႈေတြကို ေကာ္မတီနဲ႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး တာဝန္ယူေဆာင္႐ြက္ေနၾကသူေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္႐ြက္ရတဲ့ ေကာ္မတီ ျဖစ္ပါတယ္။ သတင္း- မင္းရဲစစ္ႏိုင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024