Live
Home
Lead Story
အပြောင်းအလဲအတွက် လုပ်ပြချိန်တန်ပြီ (အယ်ဒီတာအာဘော်) 
DVB
·
August 27, 2019
မည်သည့် တိုင်းသူပြည်သားမဆို မိမိတို့ကိုယ်စားပြုထားသူများထိုင်မည့် ရာဇပလ္လင်ကိုတော့ မြောင်းပုပ်ရေဖြင့် ဘိသိက်မသွန်းလိုကြ။ သန့်စင်မွန်မြတ်သော ရေဖြင့်သာ ဘိသိက်သွန်းလိုကြသည်မှာ ဓမ္မတာတခုပင်။ ဤသည်ကြောင့်လည်း လက်သန်း မင်အစွန်းခံ၍ ရွေးချယ်ခန့်အပ် ဆန္ဒပြုပေးခဲ့ကြခြင်း ဖြစ်သည်ကို သတိပြုအပ်ပေသည်။  ကိုယ်စားပြုသူ တဦးချင်း၏ နိုင်ငံရေး ကိုယ်ရည်ကိုယ်သွေးကို စိစစ်ရွေးချယ်လိုခဲ့ကြသည်။ တဦးချင်းမှ တဖွဲ့လုံးအထိ ထူးကဲသော နိုင်ငံရေး ကိုယ်ရည်ကိုယ်သွေးကို သာလွန် ကောင်းမွန်စေချင်ခဲ့သည်မှာလည်း ပြည်သူလူထု ဖြစ်လိုသော ဆန္ဒပင်။ ယခုဆိုလျှင် ပြည်သူလူထု ဆန္ဒအမှန်ဖြင့် ကိုယ်စားပြု အုပ်ချုပ်ခွင့်ရသော အစိုးရတရပ်၏ သက်တမ်းမှာ သုံးနှစ်ကျော်၍ လေးနှစ်အနီးသို့ပင် ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။ ဤအချိန် ဤကာလသည် အစိုးရတရပ်အဖို့ အကဲစမ်းချိန်ကာလကိုပင် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ အစိုးရတရပ်၏ နိုင်ငံရေးအရည်အသွေး အကောင်အထည်ဖော် လုပ်ဆောင်မှု ပီပီပြင်ပြင် ပေါ်ပေါက်သင့်သော ကာလတခုဟု ဆိုရန် သင့်နေပြီဟုဆို နိုင်သည်။ ရွေးကောက်ပွဲ ကာလအတွင်းက ပေးထားခဲ့သော ကတိကဝတ်တို့ ဖြည့်ဆည်းပေးရန် အချိန်သင့် ကာလသင့်ပင် ဖြစ်သည်။ ပြောင်းလဲချိန်တန်ပြီဟု ဆိုခဲ့သော်လည်း ထင်သာမြင်သာသော အပြောင်းအလဲတခုကိုမူ ယခုအထိ မမြင်ရသေးဟူ၍ ပြောဆို ဝေဖန်သံများလည်း သုံးနှစ်ကျော်သက်တမ်းမှ အစပြု၍ ထွက်ပေါ်လာသည့် အပေါ် သတိပြု ပြန်လည်သုံးသပ်သင့်ပေသည်။ မြန်မာပြည်၏ အ‌ပြောင်းအလဲ Paradigm Shift ဆိုသည်မှာ ဒီမိုကရေစီ ပါရာဒိုင်း အရွေ့တခုဟုပင် မဆိုနိုင်သေး။ စစ်အုပ်ချုပ်ရေးတခုမှ အရပ်ဘက် အုပ်ချုပ်ရေး အသွင်ပြောင်းလဲရန် အစပြုကာလမျှသာ ရှိသေးသည်။ ပါရာဒိုင်းအရွေ့၏ သဘောတရားအရ အစပိုင်းတွင် နှေးကွေးစမြဲပင်။ ဤသည်မှာလည်း စနစ်ဟောင်းမှ ပါရှိလာသော ပြဿနာရပ်များနှင့် အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာလေ့ရှိသော ပြဿနာရပ်များကိုပါ တပြိုင်တည်း ဖြေရှင်းရလေ့ ရှိသောကြောင့် ပြောင်းလဲစ နှစ်ကာလများတွင် နှေးကွေးမြဲ ဖြစ်သည်ကို စာနာနားလည်နိုင်ပေသည်။ သို့သော် ဤအချက်ကို ညွှန်းဆို၍ အကာကွယ်ယူရန် မသင့်ပါချေ။ သုံးနှစ် ဆိုသော ကာလတခုသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ၂၁ ရာစု ကမ္ဘာကြီးအတွက် လုံလောက်သော ကာလတခုပင် ဖြစ်သည်။ ယခု လေးနှစ်တာကာလ ပြည့်ရန် အချိန်သိပ်မကျန်တော့။ ၂၀၂၀ ဆိုလျှင် နောက်တကြိမ် ရွေးကောက်ပွဲကာလ ရောက်သည်နှင့် တနှစ်တာလုံး ရွေးကောက်ပွဲအတွက် လှုပ်ရှားရပေဦးတော့မည်။ အပြောင်းအလဲအတွက် လှုပ်ရှားချိန် နည်းသွားပြီ ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ အပြောင်းအလဲပြုလုပ်ရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်မှသာ တော်ကာကျပေတော့မည်။ ရရှိထားသော အခွင့်အရေးတခုအပေါ်တွင် မိန်းမော သာယာနေချိန် မဟုတ်။ ငိုက်မျဉ်းထုံထိုင်းနေချိန် မဟုတ်။ မြန်မာလူထုအနေဖြင့် ပြောင်းလဲချိန်သည် တန်ရုံမက ကျော်လွန်လာခဲ့ပြီဟု ခံယူထားသည်ကို သတိချပ်သင့်သည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလဒ်တခု ဖော်ဆောင်ပြရန်လည်း အချိန်တန်နေပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း ပြည်သူလူထု အလိုလားဆုံး ဆုလာဘ်တခုပင်။ အခြားသော အရွေ့များကို မသယ်ဆောင်နိုင်သေးသော်လည်း ငြိမ်းချမ်းရေးအရွေ့တခုသို့ ရောက်အောင် သယ်ဆောင်ရန် သင့်လှပေသည်။  တရားဥပဒေစိုးမိုးရေး၊ အခြေခံစားကုန်ထိန်းညှိရေးတို့သည် လူထုအတွက် မရှိမဖြစ် လုပ်ဆောင်ပေးရမည့် အခြေခံအချက်များ ဖြစ်သည်။ တခါတရံတွင် အရှိန်အဟုန်နှင့် တိုးမြှင့်ရန် လျှောက်လှမ်းနေဆဲ၊ ခြေထိုးခံ၍ ရှေ့မရောက်အောင် နှောင့်ယှက်လေ့ရှိသော အဖျက်သမားအင်အားစု ရှိစမြဲ ဖြစ်သည်ကို နားလည်ပါ၏။  သို့သော် မြန်မာလူထု၏လိုအပ်ချက်နှင့် အခြေအနေအရ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် သိပ်မကျန်တော့သည့် လွှတ်တော်နှင့် အစိုးရသက်တမ်းကာလအတွင်း အပြောင်းအလဲတခုကို ယခုထက် အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်၍ ကုစားပေးကြပါရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း နှိုးဆော်လိုက်ရသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေျပာင္းအလဲအတြက္ လုပ္ျပခ်ိန္တန္ၿပီ  (အယ္ဒီတာအာေဘာ္)  မည္သည့္ တိုင္းသူျပည္သားမဆို မိမိတို႔ကိုယ္စားျပဳထားသူမ်ားထိုင္မည့္ ရာဇပလႅင္ကိုေတာ့ ေျမာင္းပုပ္ေရျဖင့္ ဘိသိက္မသြန္းလိုၾက။ သန႔္စင္မြန္ျမတ္ေသာ ေရျဖင့္သာ ဘိသိက္သြန္းလိုၾကသည္မွာ ဓမၼတာတခုပင္။ ဤသည္ေၾကာင့္လည္း လက္သန္း မင္အစြန္းခံ၍ ေ႐ြးခ်ယ္ခန႔္အပ္ ဆႏၵျပဳေပးခဲ့ၾကျခင္း ျဖစ္သည္ကို သတိျပဳအပ္ေပသည္။ ကိုယ္စားျပဳသူ တဦးခ်င္း၏ ႏိုင္ငံေရး ကိုယ္ရည္ကိုယ္ေသြးကို စိစစ္ေ႐ြးခ်ယ္လိုခဲ့ၾကသည္။ တဦးခ်င္းမွ တဖြဲ႕လုံးအထိ ထူးကဲေသာ ႏိုင္ငံေရး ကိုယ္ရည္ကိုယ္ေသြးကို သာလြန္ ေကာင္းမြန္ေစခ်င္ခဲ့သည္မွာလည္း ျပည္သူလူထု ျဖစ္လိုေသာ ဆႏၵပင္။ ယခုဆိုလွ်င္ ျပည္သူလူထု ဆႏၵအမွန္ျဖင့္ ကိုယ္စားျပဳ အုပ္ခ်ဳပ္ခြင့္ရေသာ အစိုးရတရပ္၏ သက္တမ္းမွာ သုံးႏွစ္ေက်ာ္၍ ေလးႏွစ္အနီးသို႔ပင္ ခ်ဥ္းကပ္လာခဲ့ၿပီ ျဖစ္သည္။ ဤအခ်ိန္ ဤကာလသည္ အစိုးရတရပ္အဖို႔ အကဲစမ္းခ်ိန္ကာလကိုပင္ ေက်ာ္လြန္ခဲ့ၿပီ ျဖစ္သည္။ အစိုးရတရပ္၏ ႏိုင္ငံေရးအရည္အေသြး အေကာင္အထည္ေဖာ္ လုပ္ေဆာင္မႈ ပီပီျပင္ျပင္ ေပၚေပါက္သင့္ေသာ ကာလတခုဟု ဆိုရန္ သင့္ေနၿပီဟုဆို ႏိုင္သည္။ ေ႐ြးေကာက္ပြဲ ကာလအတြင္းက ေပးထားခဲ့ေသာ ကတိကဝတ္တို႔ ျဖည့္ဆည္းေပးရန္ အခ်ိန္သင့္ ကာလသင့္ပင္ ျဖစ္သည္။ ေျပာင္းလဲခ်ိန္တန္ၿပီဟု ဆိုခဲ့ေသာ္လည္း ထင္သာျမင္သာေသာ အေျပာင္းအလဲတခုကိုမူ ယခုအထိ မျမင္ရေသးဟူ၍ ေျပာဆို ေဝဖန္သံမ်ားလည္း သုံးႏွစ္ေက်ာ္သက္တမ္းမွ အစျပဳ၍ ထြက္ေပၚလာသည့္ အေပၚ သတိျပဳ ျပန္လည္သုံးသပ္သင့္ေပသည္။ ျမန္မာျပည္၏ အ‌ေျပာင္းအလဲ Paradigm Shift ဆိုသည္မွာ ဒီမိုကေရစီ ပါရာဒိုင္း အေ႐ြ႕တခုဟုပင္ မဆိုႏိုင္ေသး။ စစ္အုပ္ခ်ဳပ္ေရးတခုမွ အရပ္ဘက္ အုပ္ခ်ဳပ္ေရး အသြင္ေျပာင္းလဲရန္ အစျပဳကာလမွ်သာ ရွိေသးသည္။ ပါရာဒိုင္းအေ႐ြ႕၏ သေဘာတရားအရ အစပိုင္းတြင္ ေႏွးေကြးစၿမဲပင္။ ဤသည္မွာလည္း စနစ္ေဟာင္းမွ ပါရွိလာေသာ ျပႆနာရပ္မ်ားႏွင့္ အေျပာင္းအလဲေၾကာင့္ ျဖစ္ေပၚလာေလ့ရွိေသာ ျပႆနာရပ္မ်ားကိုပါ တၿပိဳင္တည္း ေျဖရွင္းရေလ့ ရွိေသာေၾကာင့္ ေျပာင္းလဲစ ႏွစ္ကာလမ်ားတြင္ ေႏွးေကြးၿမဲ ျဖစ္သည္ကို စာနာနားလည္ႏိုင္ေပသည္။ သို႔ေသာ္ ဤအခ်က္ကို ၫႊန္းဆို၍ အကာကြယ္ယူရန္ မသင့္ပါေခ်။ သုံးႏွစ္ ဆိုေသာ ကာလတခုသည္ အရွိန္အဟုန္ျဖင့္ ေျပာင္းလဲေနေသာ ၂၁ ရာစု ကမာၻႀကီးအတြက္ လုံေလာက္ေသာ ကာလတခုပင္ ျဖစ္သည္။ ယခု ေလးႏွစ္တာကာလ ျပည့္ရန္ အခ်ိန္သိပ္မက်န္ေတာ့။ ၂၀၂၀ ဆိုလွ်င္ ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲကာလ ေရာက္သည္ႏွင့္ တႏွစ္တာလုံး ေ႐ြးေကာက္ပြဲအတြက္ လႈပ္ရွားရေပဦးေတာ့မည္။ အေျပာင္းအလဲအတြက္ လႈပ္ရွားခ်ိန္ နည္းသြားၿပီ ျဖစ္သည္။ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးတို႔ အေျပာင္းအလဲျပဳလုပ္ရန္ အရွိန္အဟုန္ျဖင့္ လုပ္ေဆာင္မွသာ ေတာ္ကာက်ေပေတာ့မည္။ ရရွိထားေသာ အခြင့္အေရးတခုအေပၚတြင္ မိန္းေမာ သာယာေနခ်ိန္ မဟုတ္။ ငိုက္မ်ဥ္းထုံထိုင္းေနခ်ိန္ မဟုတ္။ ျမန္မာလူထုအေနျဖင့္ ေျပာင္းလဲခ်ိန္သည္ တန္႐ုံမက ေက်ာ္လြန္လာခဲ့ၿပီဟု ခံယူထားသည္ကို သတိခ်ပ္သင့္သည္။ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး လက္ဆုပ္လက္ကိုင္ျပႏိုင္သည့္ ရလဒ္တခု ေဖာ္ေဆာင္ျပရန္လည္း အခ်ိန္တန္ေနၿပီျဖစ္သည္။ ျပည္တြင္းၿငိမ္းခ်မ္းေရးသည္လည္း ျပည္သူလူထု အလိုလားဆုံး ဆုလာဘ္တခုပင္။ အျခားေသာ အေ႐ြ႕မ်ားကို မသယ္ေဆာင္ႏိုင္ေသးေသာ္လည္း ၿငိမ္းခ်မ္းေရးအေ႐ြ႕တခုသို႔ ေရာက္ေအာင္ သယ္ေဆာင္ရန္ သင့္လွေပသည္။ တရားဥပေဒစိုးမိုးေရး၊ အေျခခံစားကုန္ထိန္းညႇိေရးတို႔သည္ လူထုအတြက္ မရွိမျဖစ္ လုပ္ေဆာင္ေပးရမည့္ အေျခခံအခ်က္မ်ား ျဖစ္သည္။ တခါတရံတြင္ အရွိန္အဟုန္ႏွင့္ တိုးျမႇင့္ရန္ ေလွ်ာက္လွမ္းေနဆဲ၊ ေျခထိုးခံ၍ ေရွ႕မေရာက္ေအာင္ ေႏွာင့္ယွက္ေလ့ရွိေသာ အဖ်က္သမားအင္အားစု ရွိစၿမဲ ျဖစ္သည္ကို နားလည္ပါ၏။ သို႔ေသာ္ ျမန္မာလူထု၏လိုအပ္ခ်က္ႏွင့္ အေျခအေနအရ ျပည္သူ႔ကိုယ္စားလွယ္မ်ားအေနျဖင့္ သိပ္မက်န္ေတာ့သည့္ လႊတ္ေတာ္ႏွင့္ အစိုးရသက္တမ္းကာလအတြင္း အေျပာင္းအလဲတခုကို ယခုထက္ အရွိန္အဟုန္ တိုးျမႇင့္လုပ္ေဆာင္၍ ကုစားေပးၾကပါရန္ လိုအပ္ေနၿပီ ျဖစ္ပါေၾကာင္း ႏႈိးေဆာ္လိုက္ရသည္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024