ပြင်သစ်နိုင်ငံ နာဇီလက်အောက်မှ လွတ်မြောက်ခဲ့သည့် ၇၅ နှစ်ပြည့် အခမ်းအနား ကျင်းပ

နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာရဲ့ အုပ်ချုပ်မှု လက်အောက်ကနေ ပြင်သစ်နိုင်ငံ လွတ်မြောက်ခဲ့တဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို  သြဂုတ် ၂၅ ရက်နေ့က မြို့တော် ပါရီမှာ ကျင်းပခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ်ခေတ်က အဝတ်အစားတွေ ဝတ်ဆင်ထားကြသူတွေဟာ ပါရီမြို့မှာ စီတန်းလှည့်လည်ခဲ့ပြီး လမ်းတလျှောက် ကြည့်ရှုသူတွေကလည်း အားပေးခဲ့ကြပါတယ်။ စီတန်းလှည့်လည်ပွဲမှာ မဟာမိတ် စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တင့်ကားတွေနဲ့ စစ်ဘက်သုံးယာဉ်တွေကို မောင်းလာကြချိန်မှာ လူအုပ်က ကောင်းချီးပေးပါတယ်။ ဒါ့အပြင် ပါရီ လွတ်မြောက်ရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပြင်သစ် တော်လှန်ရေး တိုက်ခိုက်ရေးသမားတွေ၊ အမေရိကန်စစ်သားတွေနဲ့ စပိန်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပုံစံတူ ဝတ်ဆင်ထားသူတွေလည်း ပါဝင်ပါတယ်။ နာဇီလက်အောက်ကနေ လွတ်မြောက်ရေး ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူရဲကောင်းတွေကို သီးသန့်ဂုဏ်ပြုထားတဲ့ ပါရီလွတ်မြောက်ရေး ပြတိုက်ကိုလည်း အများပြည်သူတွေကို ဝင်ရောက်လေ့လာခွင့် ပေးထားပါသေးတယ်။ ပါရီမြို့ လွတ်မြောက်ရေးအတွက် ပြင်သစ် စစ်ဗိုလ်ချုပ် ချားလ်ဒေ့ဂေါလ် ဦးဆောင်တဲ့ ပြင်သစ်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဂျာမနီစစ်တပ်အကြား တိုက်ပွဲဟာ ၆ ရက်ကြာခဲ့ပြီး သြဂုတ် ၂၅ ရက်နေ့မှာတော့ ဂျာမနီစစ်သားတွေဟာ ပါရီမြို့လယ်ကောင်မှာ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျပင္သစ္ႏိုင္ငံ နာဇီလက္ေအာက္မွ လြတ္ေျမာက္ခဲ့သည့္ ၇၅ ႏွစ္ျပည့္ အခမ္းအနား က်င္းပ နာဇီေခါင္းေဆာင္ အေဒါ့ဖ္ဟစ္တလာရဲ႕ အုပ္ခ်ဳပ္မႈ လက္ေအာက္ကေန ျပင္သစ္ႏိုင္ငံ လြတ္ေျမာက္ခဲ့တဲ့ ၇၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားကို  ၾသဂုတ္ ၂၅ ရက္ေန႔က ၿမိဳ႕ေတာ္ ပါရီမွာ က်င္းပခဲ့ပါတယ္။ ၁၉၄၀ ျပည့္ႏွစ္ေခတ္က အဝတ္အစားေတြ ဝတ္ဆင္ထားၾကသူေတြဟာ ပါရီၿမိဳ႕မွာ စီတန္းလွည့္လည္ခဲ့ၿပီး လမ္းတေလွ်ာက္ ၾကည့္ရႈသူေတြကလည္း အားေပးခဲ့ၾကပါတယ္။ စီတန္းလွည့္လည္ပြဲမှာ မဟာမိတ္ စစ္ယူနီေဖာင္း ဝတ္ဆင္ထားတဲ့ အမ်ိဳးသားေတြဟာ တင့္ကားေတြနဲ႔ စစ္ဘက္သုံးယာဥ္ေတြကို ေမာင္းလာၾကခ်ိန္မွာ လူအုပ္က ေကာင္းခ်ီးေပးပါတယ္။ ဒါ့အျပင္ ပါရီ လြတ္ေျမာက္ေရးအတြက္ အဓိကအခန္းက႑က ပါဝင္ခဲ့တဲ့ ျပင္သစ္ ေတာ္လွန္ေရး တိုက္ခိုက္ေရးသမားေတြ၊ အေမရိကန္စစ္သားေတြနဲ႔ စပိန္လြတ္ေျမာက္ေရး တပ္ဖြဲ႕ဝင္ေတြရဲ႕ ပုံစံတူ ဝတ္ဆင္ထားသူေတြလည္း ပါဝင္ပါတယ္။ နာဇီလက္ေအာက္ကေန လြတ္ေျမာက္ေရး ဦးေဆာင္ တိုက္ပြဲဝင္ခဲ့တဲ့ စစ္သူရဲေကာင္းေတြကို သီးသန႔္ဂုဏ္ျပဳထားတဲ့ ပါရီလြတ္ေျမာက္ေရး ျပတိုက္ကိုလည္း အမ်ားျပည္သူေတြကို ဝင္ေရာက္ေလ့လာခြင့္ ေပးထားပါေသးတယ္။ ပါရီၿမိဳ႕ လြတ္ေျမာက္ေရးအတြက္ ျပင္သစ္ စစ္ဗိုလ္ခ်ဳပ္ ခ်ားလ္ေဒ့ေဂါလ္ ဦးေဆာင္တဲ့ ျပင္သစ္ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္ေတြနဲ႔ ဂ်ာမနီစစ္တပ္အၾကား တိုက္ပြဲဟာ ၆ ရက္ၾကာခဲ့ၿပီး ၾသဂုတ္ ၂၅ ရက္ေန႔မွာေတာ့ ဂ်ာမနီစစ္သားေတြဟာ ပါရီၿမိဳ႕လယ္ေကာင္မွာ လက္နက္ခ် အညံ့ခံခဲ့ၾကပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up