လေပြင်းနဲ့အတူ ပန်းခြံထဲ ရောက်လာသည့် မွေ့ရာများ (ရုပ်သံ)

လေပြင်းတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံက ပန်းခြံတခုထဲကို မွေ့ရာပေါင်းများစွာ ပျံသန်းရောက်ရှိလာခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံ ဒန်ဗာမြို့မှာ သြဂုတ်လ ၁၇ ရက်က ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်မတိုင်ခင် ဒန်ဗာမြို့တလျှောက်မှာ လေပြင်းများ တိုက်ခိုက်ခဲ့တာပါ။ ဒီလိုမျိုး မွေ့ရာတွေ လေပေါ် ပျံလာတာကို ရော့မာနေးလို့ ခေါ်တဲ့ အမျိုးသားတဦးက မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပြီး ဒါဟာ “၂၀၁၉ ခုနှစ်ရဲ့အကြီးမားဆုံး မွေ့ရာတွေ ရွှေ့ပြောင်းနေထိုင်မှု” ဖြစ်တယ်လို့လည်း မာနေးက ပြောပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်မှာ သူဟာ ရေကူးကန်တခုမှာ ရှိနေတာ ဖြစ်ပြီး လေပြင်းတွေ တိုက်ခိုက်လိုက်တာနဲ့ မွေ့ရာတွေဟာ မြက်ခင်းပြင်ပေါ်ကို ပျံဝဲ ရောက်ရှိလာတယ်လို့လည်း မာနေးက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ လေထိုးမွေ့ရာတွေဟာ “The Bed Cinema” လို့ ခေါ်တဲ့ ရုပ်ရှင်ရုံတခုက ဖြစ်ပြီး ဒီရုပ်ရှင်ရုံမှာ လာရောက်ကြည့်ရူသူတွေဟာ သာမာန် ထိုင်ခုံတွေအစား မွေ့ရာပေါ်မှာ သက်သောင့်သက်သာ လဲလျောင်းကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေလျပင္းနဲ႔အတူ ပန္းၿခံထဲ ေရာက္လာသည့္ ေမြ႕ရာမ်ား (႐ုပ္သံ) ေလျပင္းတိုက္ခိုက္မႈေၾကာင့္ အေမရိကန္ႏိုင္ငံက ပန္းၿခံတခုထဲကို ေမြ႕ရာေပါင္းမ်ားစြာ ပ်ံသန္းေရာက္ရွိလာခဲ့ပါတယ္။ ဒီျဖစ္စဥ္ဟာ အေမရိကန္ႏိုင္ငံ ဒန္ဗာၿမိဳ႕မွာ ၾသဂုတ္လ ၁၇ ရက္က ျဖစ္ပြားခဲ့တာပါ။ ဒီျဖစ္စဥ္မတိုင္ခင္ ဒန္ဗာၿမိဳ႕တေလွ်ာက္မွာ ေလျပင္းမ်ား တိုက္ခိုက္ခဲ့တာပါ။ ဒီလိုမ်ိဳး ေမြ႕ရာေတြ ေလေပၚ ပ်ံလာတာကို ေရာ့မာေနးလို႔ ေခၚတဲ့ အမ်ိဳးသားတဦးက မွတ္တမ္းတင္ ႐ိုက္ကူးႏိုင္ခဲ့ၿပီး ဒါဟာ “၂၀၁၉ ခုႏွစ္ရဲ႕အႀကီးမားဆုံး ေမြ႕ရာေတြ ေ႐ႊ႕ေျပာင္းေနထိုင္မႈ” ျဖစ္တယ္လို႔လည္း မာေနးက ေျပာပါတယ္။ ဒီျဖစ္စဥ္မတိုင္ခင္မွာ သူဟာ ေရကူးကန္တခုမွာ ရွိေနတာ ျဖစ္ၿပီး ေလျပင္းေတြ တိုက္ခိုက္လိုက္တာနဲ႔ ေမြ႕ရာေတြဟာ ျမက္ခင္းျပင္ေပၚကို ပ်ံဝဲ ေရာက္ရွိလာတယ္လို႔လည္း မာေနးက ေျပာပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရ ေလထိုးေမြ႕ရာေတြဟာ “The Bed Cinema” လို႔ ေခၚတဲ့ ႐ုပ္ရွင္႐ုံတခုက ျဖစ္ၿပီး ဒီ႐ုပ္ရွင္႐ုံမွာ လာေရာက္ၾကည့္႐ူသူေတြဟာ သာမာန္ ထိုင္ခုံေတြအစား ေမြ႕ရာေပၚမွာ သက္ေသာင့္သက္သာ လဲေလ်ာင္းၾကည့္ရႈႏိုင္တယ္လို႔ သိရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up