Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးလာရောက်မည်
DVB
·
August 26, 2019
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်ဟာ အရှေ့တောင်အာရှကနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ပိုမိုအားကောင်းလာစေဖို့အတွက်  မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေကို လာမယ့် သီတင်းပတ်အတွင်း တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ဖို့ ရှိနေပါတယ်။ အဆိုပါ သုံးနိုင်ငံကိုသွားရောက်မယ့် ၆ ရက်ကြာ ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့ စတင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်တယ်လို့ သမ္မတရုံးရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား KBS သတင်းမှာ ဖော်ပြပါတယ်။ သမ္မတ မွန်းဂျေအင်ဟာ  ထိုင်းနိုင်ငံခရီးစဉ်အပြီး စက်တင်ဘာ ၃ရက်နေ့မှာ  မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့ပါ တွေ့ဆုံဖို့ရှိနေပါတယ်။  မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ လာအိုနိုင်ငံကို ၂ ရက်ကြာခရီးဆက်လက်သွားရောက်မှာ ဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှာ သုံးနိုင်ငံခရီးစဉ်ကို အဆုံးသတ်ကာ တောင်ကိုရီးယားနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနဲ့လာအို သုံးနိုင်ငံဟာ သမ္မတမွန်းရဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ရည်ရွယ်တဲ့ တောင်ပိုင်းဒေသ မူဝါဒသစ်ရဲ့ အဓိက အရေးပါဆုံးနိုင်ငံတွေဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ကိုမင်ဂျန်းက ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ အာဆီယံ ၁၀ နိုင်ငံ စလုံးကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ကတိပြုထားတာလည်းဖြစ်ပါတယ်။ ဓာတ်ပုံ- Getty Images
ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္ ျမန္မာႏိုင္ငံ ခ်စ္ၾကည္ေရးခရီးလာေရာက္မည္ DVB ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္ဟာ အေရွ႕ေတာင္အာရွကႏိုင္ငံေတြနဲ႔ သံတမန္ဆက္ဆံေရး ပိုမိုအားေကာင္းလာေစဖို႔အတြက္ ျမန္မာ၊ ထိုင္းနဲ႔ လာအိုႏိုင္ငံေတြကို လာမယ့္ သီတင္းပတ္အတြင္း တရားဝင္ ခ်စ္ၾကည္ေရးခရီးသြားေရာက္ဖို႔ ရွိေနပါတယ္။ အဆိုပါ သုံးႏိုင္ငံကိုသြားေရာက္မယ့္ ၆ ရက္ၾကာ ခရီးစဥ္ကို လာမယ့္ တနဂၤေႏြေန႔ စတင္မွာ ျဖစ္ၿပီး ထိုင္းႏိုင္ငံကို အရင္ဆုံးသြားေရာက္မွာျဖစ္တယ္လို႔ သမၼတ႐ုံးရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး ေတာင္ကိုရီးယား KBS သတင္းမွာ ေဖာ္ျပပါတယ္။ သမၼတ မြန္းေဂ်အင္ဟာ ထိုင္းႏိုင္ငံခရီးစဥ္အၿပီး စက္တင္ဘာ ၃ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ခ်စ္ၾကည္ေရးခရီး ဆက္လက္သြားေရာက္မွာျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေရာ ျမန္မာသမၼတ ဦးဝင္းျမင့္နဲ႔ပါ ေတြ႕ဆုံဖို႔ရွိေနပါတယ္။ ျမန္မာႏိုင္ငံခရီးစဥ္အၿပီးမွာေတာ့ လာအိုႏိုင္ငံကို ၂ ရက္ၾကာခရီးဆက္လက္သြားေရာက္မွာ ျဖစ္ၿပီး စက္တင္ဘာ ၆ ရက္မွာ သုံးႏိုင္ငံခရီးစဥ္ကို အဆုံးသတ္ကာ ေတာင္ကိုရီးယားႏိုင္ငံကို ျပန္လာမွာ ျဖစ္ပါတယ္။ ျမန္မာ-ထိုင္းနဲ႔လာအို သုံးႏိုင္ငံဟာ သမၼတမြန္းရဲ႕ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ေတာင္ကိုရီးယားႏိုင္ငံအၾကား မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ဖို႔ရည္႐ြယ္တဲ့ ေတာင္ပိုင္းေဒသ မူဝါဒသစ္ရဲ႕ အဓိက အေရးပါဆုံးႏိုင္ငံေတြျဖစ္တယ္လို႔ သမၼတေျပာခြင့္ရသူ ကိုမင္ဂ်န္းက ေျပာပါတယ္။ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အန္ဟာ သူ႔ရဲ႕ သမၼတ သက္တမ္းအတြင္းမွာ အာဆီယံ ၁၀ ႏိုင္ငံ စလုံးကို တရားဝင္ ခ်စ္ၾကည္ေရးခရီး သြားေရာက္ဖို႔ ကတိျပဳထားတာလည္းျဖစ္ပါတယ္။ ဓာတ္ပုံ- Getty Images
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024