ရေခဲတောင် ပြိုကျမှုမှ လက်မတင်လေး လွတ်မြောက်ခဲ့သည့် ကယက်လှေသမားနှစ်ဦး (ရုပ်သံ)

ကယက်‌လှေလှော်သမား နှစ်ဦးဖြစ်တဲ့ အန်ဒရူးဟိုပါနဲ့ ဂျို့ဘတ်ယာတို့ဟာ  အမေရိကန်နိုင်ငံ အလက်စကာမှာ ဩဂုတ် ၁၀ ရက်နေ့က ဖြစ်ခဲ့တဲ့ စပန်ဆာရေခဲတောင် ပြိုကျမှုကနေ လက်မတင်လေး လွတ်မြောက်ခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုထဲမှာလည်း ရေခဲတောင်က ရေခဲတွေ အတွဲလိုက် ပြိုကျလာခဲ့တာကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရပြီး ဒီရေခဲတွေကြောင့် ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။  “ရေခဲတွေရဲ့ ရိုက်ခတ်မှုကြောင့် ကျနော် ဒီနားကို ရောက်လာတာပါ။ ကျနော့်လက်ထဲမှာ လှေပေါ်က ကြိုးထုံးကို ကိုင်ထားပြီး ကျနော့်နံရိုးကိုလည်း ရေခဲစတစ ထိမှန်ခဲ့ပါတယ်။ ရေခဲပြင်တွေ ပြိုကျလာခြင်းက ၈ ပေက နေ ၁၂ ပေကြားရှိတဲ့ လှိုင်းလုံးတခုကို ဖြစ်စေခဲ့ပြီး ဒီလှိုင်းလုံးကြီးက ကျနော်တို့ဆီ တည့်တည့်ကြီးကို ဝင်လာတာပါ။ ကျနော်တို့အနေနဲ့ လှေကို မနည်းပြန်လှည့်ပြီး ဒီရေလှိုင်းကြီးအောက်ကနေ လွတ်အောင် မနည်‌ရုန်းထွက်ခဲ့ရပါတယ်” လို့ ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ် ဖြစ်ရပ်အပေါ် ဟိုပါက ပြန်ပြောင်းပြောဆိုသွားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေရခဲေတာင္ ၿပိဳက်မႈမွ လက္မတင္ေလး လြတ္ေျမာက္ခဲ့သည့္ ကယက္ေလွသမားႏွစ္ဦး (႐ုပ္သံ) ကယက္‌ေလွေလွာ္သမား ႏွစ္ဦးျဖစ္တဲ့ အန္ဒ႐ူးဟိုပါနဲ႔ ဂ်ိဳ႕ဘတ္ယာတို႔ဟာ  အေမရိကန္ႏိုင္ငံ အလက္စကာမွာ ဩဂုတ္ ၁၀ ရက္ေန႔က ျဖစ္ခဲ့တဲ့ စပန္ဆာေရခဲေတာင္ ၿပိဳက်မႈကေန လက္မတင္ေလး လြတ္ေျမာက္ခဲ့ၾကပါတယ္။ ထြက္ေပၚလာတဲ့ ဗြီဒီယိုထဲမွာလည္း ေရခဲေတာင္က ေရခဲေတြ အတြဲလိုက္ ၿပိဳက်လာခဲ့တာကို ထိတ္လန႔္ဖြယ္ ျမင္ေတြ႕ခဲ့ရၿပီး ဒီေရခဲေတြေၾကာင့္ ႀကီးမားတဲ့ လႈိင္းလုံးႀကီးေတြ ေပၚေပါက္လာတာကို ေတြ႕ရပါတယ္။ “ေရခဲေတြရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ က်ေနာ္ ဒီနားကို ေရာက္လာတာပါ။ က်ေနာ့္လက္ထဲမွာ ေလွေပၚက ႀကိဳးထုံးကို ကိုင္ထားၿပီး က်ေနာ့္နံ႐ိုးကိုလည္း ေရခဲစတစ ထိမွန္ခဲ့ပါတယ္။ ေရခဲျပင္ေတြ ၿပိဳက်လာျခင္းက ၈ ေပက ေန ၁၂ ေပၾကားရွိတဲ့ လႈိင္းလုံးတခုကို ျဖစ္ေစခဲ့ၿပီး ဒီလႈိင္းလုံးႀကီးက က်ေနာ္တို႔ဆီ တည့္တည့္ႀကီးကို ဝင္လာတာပါ။ က်ေနာ္တို႔အေနနဲ႔ ေလွကို မနည္းျပန္လွည့္ၿပီး ဒီေရလႈိင္းႀကီးေအာက္ကေန လြတ္ေအာင္ မနည္‌႐ုန္းထြက္ခဲ့ရပါတယ္” လို႔ ႀကဳံေတြ႕ခဲ့ရတဲ့ ထိတ္လန႔္ဖြယ္ ျဖစ္ရပ္အေပၚ ဟိုပါက ျပန္ေျပာင္းေျပာဆိုသြားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up